Tuesday, May 12, 2015

ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်

ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်
By ထွန်းထွန်းမင်း May 11, 2015
ကေအင်န်ယူတပ်ဖွဲ့ဝင်များ ရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထည်ချုပ်လုပ်ငန်း၌ ရင်းနှီးမြှုပ် နှံရန် စီစဉ်နေကြောင်း ကေအင်န်ယူ ရန်ကုန်စီးပွားတာဝန်ခံကပြောသည်။
‘‘နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားရင် တပ်ဖွဲ့ဝင်တွေ ရပ်တည်ဖို့အတွက် စီးပွားရေးတွေ လုပ်ဖို့ စီစဉ်နေတာပါ။ အခုတပ် ဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ဖို့ ရည်ရွယ်ထားတယ်။ အထည်ချုပ်လုပ်ငန်းက တစ်ပိုင်းအပါအ၀င်ပါ’’ဟု ကေအင်န်ယူ ရန်ကုန်စီးပွားတာဝန်ခံ ဗိုလ်မှူးမိုက်ကယ်ကပြောသည်။
အထည်ချုပ်လုပ်ငန်းအတွက် ကရင်ပြည်နယ်နှင့် ရန်ကုန် မြို့ မြောက်ဒဂုံတို့တွင် လုပ်ကိုင်ရန်စီစဉ်ထားပြီး ပထမဦးဆုံး စက်ရုံနှစ်ခု တည်ဆောက်ထားသည်ဟု ဆိုသည်။ မြေနေရာများမှာ ကေအင်န်ယူတပ်ဖွဲ့ပိုင်မြေနေရာများ ဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်သာ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ လုပ်ငန်း အောင်မြင်ကျယ်ပြန့်လာမှသာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးအတွက် ကျပ် သန်း ၁၀၀ မ,တည်မည်ဖြစ်ပြီး ယင်းအနက်မှ အထည်ချုပ်လုပ်ငန်းအတွက် ထုတ်ယူသုံးစွဲမည်ဟု ဗိုလ်မှူးမိုက်ကယ်ကပြောသည်။ အထက်ပါစက်ရုံနှစ်ခုတွင် လုပ်သား ၃,၀၀၀ ခန့် အလုပ်အကိုင်ရရှိမည်ဟု မျှော်မှန်းထားသည်ဟုဆိုသည်။
အထည်ချုပ်လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိထားပြီး ကေအင်န်ယူဗဟိုကော်မတီက မည်သည့်နေရာတွင် အကောင်အထည်ဖော်မည်ကို နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကေအင်န်ယူသည် အထည်ချုပ်လုပ်ငန်းအပါအ၀င် သတ္တု၊ ခရီးသွားလုပ်ငန်းများအတွက် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
‘‘ကေအင်န်ယူက ကရင်လူမျိုးတွေအတွက် အဓိကအားထားစရာဖြစ်လာမှာပါ။ ရန်ကုန်မှာ လုပ်တာထက် ကရင်ပြည်နယ်မှာ လုပ်စေချင်တယ်။ ကရင်ပြည်နယ်က အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတယ်’’ဟု မြ၀တီ မြို့မှ ကိုစောလွင်ကပြောသည်။

No comments:

Post a Comment