Tuesday, May 12, 2015

တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက်

တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက် On May 11, 2015 - AP

တရုတ် ဗဟိုဘဏ် (တရုတ် ပြည်သူ့ဘဏ်)က ဘဏ်ချေးငွေ အတိုးနှုန်းများ လျှော့ချပေးလိုက်ခြင်းကြောင့် မေ ၁၁ ရက်တွင် အာရှ စတော့ဈေးကွက်၌ တရုတ် ရှယ်ယာများ တန်ဖိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဘဏ်ချေးငွေ အတိုးနှုန်းများကို တရုတ် ဗဟိုဘဏ်က လျှော့ချ သတ်မှတ်ခြင်းသည် ခြောက်လအတွင်း တတိယ အကြိမ်မြောက်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်မှုက ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသည့် နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် မြင့်တက်လာမှုကို ပြန်လည် ရှင်သန် အားကောင်းလာစေမည်ဟု မျှော်လင့်ထားသည်။
ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များက အကျဘက် ဦးတည်လာကြောင်း တွေ့ရှိပြီးနောက် တရုတ် ဗဟိုဘဏ်က ယခုခြေလှမ်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ဆောင်မှုက အာရှ စတော့ဈေးကွက်တွင် တရုတ်၏ ရှယ်ယာတန်ဖိုးများ မြင့်တက်စေရန် သက်ရောက်မှု ရှိလာစေခဲ့သည်။
ဂရိနိုင်ငံ၏ လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်စွမ်း မရှိသေးခြင်းကြောင့် ဥရောပ ရှယ်ယာ တန်ဖိုးများမှာမူ အကျဘက် ဦးတည်ခဲ့ကြောင်းလည်း သိရသည်။
_Ref: AP

No comments:

Post a Comment