Saturday, June 13, 2015


Meeting with ILO Director-General Mr. Guy Ryder


အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder နှင့် မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ (သုံးပွင့်ဆိုင်) ကိုယ်စားလှယ်များနှင့် ယနေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှာ UN ရုံးမှာ တွေ့ဆုံခဲ့ကြပါသည်။ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်မှ မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသော အိုင်အယ်လ်အို ပြဌာန်းချက်များ(သဘောတူညီချက်များ) အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ညွှန်ကြားရေးမှူးချုပ်ကို တင်ပြခဲ့ပါသည်။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် C.87 အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေး C.29 ကလေးသူငယ်များအား အဆိုးရွားဆုံး ခိုင်းစေမှုများအားပပျောက်ရေး C.182 တို့ နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။  ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ Migrant Worker Resource Centers များဖွင့်လှစ်ထားမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း တင်ပြပါသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ အလုပ်သမားဥပဒေများအား ပြန်လည်ပြင်ဆင်ခြင်း၊ အစိုးရ-အလုပ်ရှင်-အလုပ်သမားများ၏ စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက် ILO နည်းပညာဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးမှု နှင့်၊ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးရန်၊ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ILO မှ ကူညီပံ့ပိုးပေးရန် တို့ကို နိုင်ငံကိုယ်စားပြု တင်ပြတောင်းဆိုခဲ့ပါသည်။






No comments:

Post a Comment