Thursday, February 16, 2012

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော


၁၅ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန်
ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်
ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် 
အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း
ပြောဆိုသွားခြင်း ဖြစ်သည်။

No comments:

Post a Comment