၁၃ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက် နေ့မှစ၍ လျှပ်စစ်မီတာခများကို နောက်ထပ် တစ်ဆထပ်တိုး
ကောက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၀၆ ခုနှစ်ဇန်န၀ါရီလ ၅ ရက်နေ့မှ စတင်၍ ဓါတ်အားခနှုန်းထားများကို အိမ်သုံးမီတာ
တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာတစ်ယူနစ် လျှင် ၅၀
ကျပ်ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အိမ်သုံးမီတာ
တစ်ယူနစ်လျှင် ၅၀ ကျပ်၊ လုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ၁၀၀ ကျပ်သို့ ပြောင်းလဲတိုးမြှင့်
ကောက်ခံသွားမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment