Thursday, December 22, 2011

မြန်မာ့ ကုန်းတွင်းရေနံတူးဖော်ခွင့် ထိုင်းနိုင်ငံ ရရှိ


၂၁ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
မဇ္ဈိမသတင်းဌာန ။         ။ မြန်မာနိုင်ငံ ကုန်းတွင်းလုပ်ကွက် နှစ်ခုတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး
ရေနံကုမ္ပဏီက ရေနံ တူးဖော်ခွင့် ရရှိကြောင်း သိရသည်။ နိုင်ငံခြားကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြု
သော လုပ်ကွက် ၁၈ ခုအနက် ထိုင်းနိုင်ငံမှ PTT ရေနံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ 
(PTTEP) က လုပ်ကွက် ၂ ခုကို လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး 
ပီချိုင်း နာရစ်သန်ဖန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ပါရှိသည်။

No comments:

Post a Comment