Thursday, December 15, 2011

အခက်အခဲမျိုးစုံ၊ လိမ်လည်မှုမျိုးစုံဖြင့် ကြုံခဲ့ရသည့် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ

၁၅ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
တရုတ်နိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ အခက်အခဲမျိုးစုံ၊ လိမ်ညာမှုမျိုးစုံဖြင့်ကြုံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီလေကြောင်း ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံမှ CZ 3055  လေယာဉ်ဖြင့် မြန်မာအလုပ်သမား ၅၃ ဦး ပါဝင်လာကြောင်း၊ ၅၈ ဦးဟု
ဆိုရာ၌ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာ အလုပ်သမားနှစ်ဦးမှာ ပြန်လည်ရောက်ရှိနေခဲ့ပြီး
ဖြစ်ကြောင်း၊ ကျန်ရှိသည့် မြန်မာအလုပ်သမားသုံးဦးမှာလည်း နယ်စပ်မှတစ်ဆင့် အစောပိုင်း
ကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment