Tuesday, December 13, 2011

တံတားဖြတ်သန်းခွင့် အလေးချိန်လျှော့၍ တရုတ် ဂက်ပိုက်လှိုင်းတင်ကားများ အခက်တွေ့


၁၂ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အနီးရှိ နမ့်ပေါ့ တံတားဖြတ်သန်းခွင့် အလေးချိန်
သတ်မှတ်ချက်ကို အေးရှားဝေါလ် ကုမ္ပဏီမှ ယခုလ ၉ ရက်နေ့မှစတင် လျှော့ချလိုက်သဖြင့် 
တရုတ်ဂက်ပိုက်လိုင်း တင်ကားများ သွားလာရန် အခက်တွေ့ နေကြောင်းသိရသည်။

ယခင် နမ့်ပေါ့တံတားတွင် ၃၆တန်ယဉ်များ ဖြတ်သန်းခွင့်ပြုထားရာမှ ယခု ၁၆ တန်အထိ
လျှော့ချလိုက်ရာ တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ သျှမ်းပြည် (မြောက်ပိုင်း) အထိ ဂက်စ်ပိုက်လိုင်း 
သယ်ယူနေသော တရုတ်ကားများ ဖြတ်သန်းခွင့်မရဖြစ်နေကြာင်း နယ်စပ်ဒေသခံများက
သျှမ်းသံတော်ဆင့်သို့ ပြောသည်။

No comments:

Post a Comment