Thursday, December 15, 2011

မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေး


၁၄ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
အစိုးရက ဆန္ဒပြခွင့်ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ပထမဆုံး အလုပ်သမား လှုပ်ရှားမှုတခုအဖြစ် 
သစ်လုပ်ငန်း လုပ်သားတွေ ရန်ကုန်မြို့မှာ ဆန္ဒပြ တောင်းဆိုမှုတခုကို လုပ်ခဲ့ကြပါတယ်။ 
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် စက်မှုဇုံက သစ်အချောထည် စက်ရုံတခုက အလုပ်ထုတ်ခံခဲ့ရတဲ့ 
လုပ်သားတွေကိုတော့ဆန္ဒပြခွင့် မရှိတဲ့အကြောင်း စက်ရုံ တာဝန်ရှိသူတွေက ပြောဆိုပြီးတော့ 
ဆန္ဒပြပွဲကို ရပ်ဆိုင်းဖို့ ဟန့်တား ခဲ့ကြတာပါ။ 

No comments:

Post a Comment