Saturday, December 17, 2011

နှစ်သစ်ကူးနေ့ကစပြီး မီတာခ နှစ်ဆ တက်မည်


၁၇ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
မြန်မာနိုင်ငံမှာ ဇန်န၀ါရီလ တရက်နေ့က စပြီး မီတာခတွေ နှစ်ဆတက်တော့ မယ်လို့ 
သတင်းရရှိပါတယ်။ အိမ်သုံး မီတာခ နှုန်းထားက တယူနစ်ကို ၂၅ ကျပ်ကနေ ကျပ် ၅၀၊ 
စက်မှုလက်မှု လုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းသုံး မီတာခတွေကိုတော့ တယူနစ်ကို ကျပ် 
၅၀ ကနေ ကျပ် ၁၀၀ အထိ တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာန
ထိပ်တန်း အရာရှိကြီး တယောက်က အတည်ပြု ပြောဆိုတယ်လို့ ရိုက်တာသတင်း ဌာနရဲ့
ရန်ကုန်သတင်းထောက် ဦးအောင်လှထွန်းက ဘီဘီစီကို ပြောပါတယ်။ 

No comments:

Post a Comment