Thursday, December 15, 2011

စစ်သားအဖြစ်မှ ထွက်ခွင့်ရရေး အိုင်အယ်လ်အိုကို တိုင်ကြား


၁၄ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
စစ်တပ်ကထွက်ပြေးလာတဲ့ ကလေးစစ်သားတဦး ပြန်အဖမ်းခံရမှ စိုးရိမ်နေရပြီး တပ်က
ထွက်ခွင့်ရဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) ကို  
တိုင်ကြားလိုက်ပါတယ်။

မကွေးတိုင်း မကွေးမြို့နယ် ငါးဆောင်ကျေးရွာအုပ်စု ပန်းညိုစမ်း ကျေးရွာမှာနေတဲ့ 
မောင်နေအောင်ဟာ ပြီးခဲ့တဲ့မေလက ရွာကနေ မန္တလေးမြို့ကို အလုပ်သွားလုပ်ရင်း 
စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာက ထွက်ပြေးတိမ်းရှောင်ပြီး
တပ်ကနေ ထွက်ခွင့်ရရေးအတွက် အခုလ ၅ ရက်နေ့မှာ အိုင်အယ်လ်အိုကို 
တိုင်ကြားလိုက်ပါတယ်။

No comments:

Post a Comment