Wednesday, September 7, 2011

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြ


စက်တင်ဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ (၃) ရှိ  Esquire ဖိနိပ်စက်ရုံမှ 
အလုပ်သမားများမှ အလုပ်မဆင်းဘဲ ဆန္ဒပြကာ လုပ်ခတိုးတောင်းမှုတခု အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်ဟု 
မျက်မြင်သက်သေများကပြောသည်။လုပ်ငန်းခွင် ပုံမှန်ဆင်းသူများအား ဆုကြေးအဖြစ်ပေးနေခဲ့သည့် 
‘ရက်မှန်ကြေး’ ကို မပေးဘဲနေရာက အလုပ်သမားများက စက်ရုံဝင်းအပြင်ထွက်၍ လုပ်ငန်းခွင် မဆင်းဘဲ 
နေခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။



အပြည့်အစုံသို့>>>>>>

Tuesday, September 6, 2011

မြန်မာနဲ့ အာရှဒေသ အလုပ်အကိုင် ပြဿနာ

05 စက်တင်ဘာ 2011

စက်တင်ဘာ ၅၊ ၂၀၁၁-မြန်မာနဲ့ အာရှမှာ အစဉ်အလာ လုပ်ငန်းတွေကိုသာ အားထားနေလို့ 
မဖြစ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ စီးပွားရေး တိုးတက်မှုတွေမှာ 
ရှေ့တန်းရောက် လာနေတဲ့ အာရှတိုက်အနေနဲ့ ဖွံ့ဖြိုးမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့ 
မိရိုးဖလာ လုပ်ငန်းတွေ အပေါ်မှာသာ အားကိုးနေလို့ မရဘူးလို့လည်း ထောက်ပြနေကြတာပါ။

အပြည့်အစုံသို့ >>>>>>

Thursday, September 1, 2011

ထိုင်းနိုင်ငံ ဖန်ငါ့ ဒေသရှိ မြန်မာ ၁၂၀ ကျော် ရေဘေးဒဏ် ကြုံတွေ့


2011-08-30

ထိုင်းနိုင်ငံ တောင်ပိုင်း မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တကွန်ပါခရိုင် ထိခတ် ကျေးရွာ တ၀ိုက် 
ရေမြုပ်နေတဲ့ ရာဘာခြံ တွေမှာ ရေဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မြန်မာလုပ်သား ၁၂၀ ကျော် အတွက် 
ဖန်ငါ့ဒေသ အခြေစိုက် ပညာရေး နဲ့ ဖွံ့ ဖြိုး တိုးတက်ရေး ဖေါင်ဒေးရှင်း FED က စားနပ်ရိက္ခာနဲ့  
ကယ်ဆယ်ရေး ပစ္စည်းတွေ မနေ့ က သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။