Thursday, February 2, 2012

မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွဲဆည် စီမံကိန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဆောက်လုပ်ထားသော်လည်း လျာထားချက်အတိုင်း အမှန်တကယ် ရေပေးဝေနိုင်မှု မရှိခြင်းကြောင့် စီမံကိန်းအသစ်များ ထပ်မံ တည်ဆောက်ခြင်းကို ရပ်တန့်ထားရန် လွတ်တော်မှသဘောတူ


၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲဆည်စီမံကိန်းများကို ကျပ်သန်းပေါင်း
များစွာ အကုန်အကျခံ ဆောက်လုပ်ထားသော်လည်း လျာထားချက်အတိုင်း အမှန်
တကယ် ရေပေးဝေနိုင်မှုမရှိခြင်းကြောင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက် 
ခြင်းကို ရပ်တန့်ထားရန် ပြည်သူ့လွှတ်တော်မှ သဘာတူကြောင်း ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၀ ရက်နေ့တွင်ပြုလုပ်သည့် ပထမအကြိမ်
ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် 
ပြောကြားခဲ့သည်။ 

လယ်မြေအသိမ်းခံရမည့်အရေး လယ်သမားများ သမ္မတထံ မေတ္တာရပ်ခံစာတင်


၁ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရှမ်းပြည်နယ်- တောင်ကြီးမြို့ရှိ ကျေးရွာတချို့တွင် ရာနှင့်ချီသည့် လယ်ယာမြေများကို 
အစိုးရတပ်မှ တပ်မြေကျောက်တိုင်များ လာရောက်စိုက်ထူထားသဖြင့် ဒေသခံများ 
လယ်ယာမြေ အသိမ်းခံရမည့်အရေး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာတင် 
ထားကြောင်း သိရသည်။

ဆန်ဝယ်ချိန် နောက်ကျသဖြင့် လယ်သမားများကို တောင်းပန်

၁ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဈေးကွက်ပေါက်ဈေးထက် ဈေးမြှင့်ပေးပြီး ၀ယ်ယူမယ့် အစိုးရရဲ့ အရန်ဆန်ဝယ်ယူရေး 
အစီအစဉ် စတင်တဲ့အချိန် နောက်ကျသွားတဲ့အတွက် ဆန်ဝယ်ယူရေးကော်မတီက 
လယ်သမားတွေကို တောင်းပန်လိုက်ပါတယ်။

Wednesday, February 1, 2012

ဒုံသမိချောင်းနံဘေးမှ နှမ်းစိုက်ခင်း များ အထွက်နှုန်းလျော့


၃၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အကြားတွင် တည်ရှိသည့် ဒုံသမိချောင်းနံဘေးစိုက်
နှမ်းခင်းများ၏ ယခုနှစ်အထွက်နှုန်း မှာ လျော့နည်းလာလျှက် ရှိသည် ဟု
နှမ်းတောင်သူများက ပြောသည်။

မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ အတည်ပြုနိုင်တော့မည်


၃၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်းအား ပြည်ထောင်စု
လွှတ်တော်သို့ တင်သွင်း၍ မကြာမီ အတည်ပြု တော့မည်ဟု သိရသည်။ 
ထိုဥပဒေကြမ်းအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက  
တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော် 
နှစ်ရပ်က သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

မြေလွတ်မြေရိုင်း ဥပဒေ


၃၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
အသစ်ပြဌာန်မယ့် မြေလွတ်မြေရိုင်း ဥပဒေအရ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေဟာ 
တကြိမ်ကို ဧက ၅၀၀၀ အထိ ရှင်းလင်းစိုက်ပျိုးခွင့်ရမှာဖြစ်ပြီး စုစုပေါင်း ဧက ငါးသောင်း
အထိ လုပ်ကိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားများကို အလုပ်ရှင်က ထိုင်းရဲလက်သို့အပ် (ရုပ်သံ)

Burma’s Parliament Does Not Function Who is responsible for the loans? Who will pay them back?

2012 January 31 FTUB Statement on Burma's Debt