Sunday, April 1, 2012

ရန်ကုန်မြို့ပေါ် လေးပိုင်းပိုင်း၍ မီးအလှည့်ကျ ပေးတော့မည်


၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ လျှပ်စစ်မီး သုံးစွဲသူ များပြားလာသော်လည်း လျှပ်စစ် 
ထုတ်လုပ်နိုင်စွမ်းအား မမျှတမှုကြောင့် ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍
လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ 
စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးသည့် စနစ်ကို ပြန်လည် ကျင့်သုံးသွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကြေညာသည်။

ရန်ကုန်မြို့တွင်း၊ မြို့ပြင်နှင့် စက်မှုဇုန်များအား ဧပြီလ ၂ ရက်နေ့မှ စတင်၍ 
လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဝေသုံးစွဲမည့် အစီအစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

အပြည့်အစုံသို့ -----------------

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကို အလုပ်ရှင်လိုက်လျော


၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
လစာတိုးမြင့် ရရှိဖို့အတွက် လွန်ခဲ့တဲ့လက ဆက်တိုက်အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတဲ့ 
ရန်ကုန်မြို့ တိုင်ရီဖိနပ်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို 
အလုပ်ရှင်က လိုက်လျောလိုက်တဲ့အတွက် မတ်လ ၃၀ရက်နေ့က စာချုပ်ချုပ်တယ်လို့ 
အလုပ်သမားဥပဒေ အကြံပေး ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။




ယခုနှစ် ဖေဖော်ဝါရီလပိုင်းက တိုင်ရီအလုပ်သမားများ  ဆန္ဒပြစဉ်




ဟင်္သတတက္ကသိုလ်မှာ ဗကသများ စစ်ဆေးခံနေရ


၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ဟင်္သတမြို့နယ်မှာ ပညာရေးတာဝန်ရှိသူတွေက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား 
သမဂ္ဂများအဖွဲ့ချုပ် (ဟင်္သာတ) အဖွဲ့ဝင် ကျောင်းသား ၈ ဦးကို စစ်မေးနေတယ်လို့ 
ဟင်္သတဗကသ ဥက္ကဌ ကိုသန့်ဇင်ကပြောပါတယ်။ 

ဟင်္သာတ ဗကသ ဖိအားပေးခံရ


၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ချင်းမိုင်(မဇ္စျိမ)        ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် 
(ဟသာင်္တခရိုင်) ဖွဲ့စည်းသည့် အခမ်းအနား တက်ရောက်ခဲ့သည့် ကျောင်းသား
များအား ဧရာဝတီတိုင်း ဟသာင်္တမြို့ ပညာရေးဦးစီးဌာနမှ အဆင့်မြင့် ဒုတိယ 
ညွန်ချုပ် ဒေါက်တာ မျိုးသိန်းကြီးနှင့် အဖွဲ့က ခေါ်ယူ မေးမြန်းခဲ့သည်ဟု သိရသည်။

ပခုက္ကူကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ

၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်မှာ 19.3.2012 က ကျောင်းသူ/သား အားလုံး
ကျောင်းအုပ်ကြီး ရုံးခန်းမှာ ဆန္ဒပြ တောင်းဆိုမှု တွေ ရှိခဲ့ပါတယ်။ ၀န်ကြီးဌာနက 
တရားဝန်ပြဌာန်းထားတဲ့ PRETEST စာမေးပွဲ နှစ်ကြိမ်ကို ဖြေဆိုခဲ့ကြတဲ့ အပြီးမှာ 
75% ပြည့်တဲ့ ကျောင်းသူ/သားတွေဟာ သင်္ကြန်တွင်း ကျောင်းပိတ်ကို 
အစောကြီး ပြန်ဖို့ ပြင်ခဲ့ကြပါတယ်။ April ၁ ရက်ကနေ ၆ ရက်နေ့ထိ ကျောင်းတက်ရင် 
သင်္ကြတွင်း ပြန်ဖို့ ကားအခက်အခဲ ဖြစ်လို့ ဆေးခွင့်တင်ပြီး ပြန်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ 

လောပိတ ရေအားလျှပ်စစ်စက်ရုံသို့ ဂျပန်မှ ကွင်းဆင်းလေ့လာမည်

၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ကရင်နီပြည်နယ်ရှိ အမှတ် ၂ လောပိတ ရေအားလျှပ်စစ် စက်ရုံကို ပြန်လည်မွမ်းမံရန် 
ဂျပန် NGO အဖွဲ့မှ ယခုအပတ်အတွင်း ကွင်းဆင်းလေ့လာရန် စီစဉ်နေကြောင်း ကရင်နီ 
ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG)က ပြောသည်။

လောပိတ ရေအားလျှပ်စစ် အမှတ် ၂ စက်ရုံ