Friday, June 1, 2012

ပြည်သူတွေ သံသယ ဖြစ်နေတဲ့ ချောင်းသာ (EPC)


၃၁ရက် မေလ ၂၀၁၂ခုနှစ်
ချောင်းသာမှာ လျှပ်စစ်မီးပေးဖို့ မီးစက်အင်အား မလုံလောက်တာကြောင့် နေပြည်တော်
ကနေ မီးစက်တစ်လုံး ထပ်မံ သယ်ဆောင်မယ်။ အဲဒီအတွက် ကုန်ကျမယ့်
စရိတ်ငွေ သိန်း ၃၀ လောက် လိုတယ်ဆိုပြီး ပြည်သူတွေဆီက ကောက်ခံ ခဲ့ပါတယ်။  
နေပြည်တော်ကနေ မီးစက်ကို သယ်ဆောင်လာပြီး အခုအခါ မီးပေးတာက
ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီ လောက်သာ မီးပေးတာကြောင့် ပြည်သူတွေအနေနဲ့ 
မကျေမနပ် ဖြစ်နေကြပါတယ်။

ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဆန္ဒ ထုတ်ဖော် ပြည်သူများကို လုံထိန်းရဲများ၏ အကြမ်းဖက်မှု မြင်ကွင်း

၃၁ရက် မေလ ၂၀၁၂ခုနှစ်
မေလ ၂၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ငြိမ်းချမ်းစွာ လှည့်လည်
ဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်လူတွေကို လုံထိန်းရဲ တပ်ဖွဲ့က တားမြစ်ပြီး
ဆန္ဒ ထုတ်ဖော်သူ ကိုအောင်မိုးကျော် အပါအဝင် ယောက်ကျာင်္လေး ၄ ဦးနဲ့ မိန်းခလေး ၁ ဦးကို 
ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါတယ်။

လျှပ်စစ်ရရေး ဆန္ဒပြများကို ထောက်ခံခဲ့သည့် ပါတီ ကော်မရှင်မှ ခေါ်တွေ့


၃၁ရက် မေလ ၂၀၁၂ခုနှစ်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်၊ လူထု၏ လျှပ်စစ်မီး ရရှိရေးနဲ့ အလုပ်သမား 
လစာ တိုးမြှင့်ရေးတို့ အတွက် တောင်းဆို ဆန္ဒပြမှုကို ကူညီသည်ဟု ထင်ဖွယ်ရှိသည့် နိုင်ငံရေး ပါတီ၏ ခေါင်းဆောင်များကို ပြီးခဲ့သည့် အင်္ဂါနေ့၌ နေပြည် တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ပါသည်။

မူစယ်မြို့တွင် သုံးဘီယာဉ်မောင်းများ တောင်းဆိုမှုပြုလုပ်


၃၁ရက် မေလ ၂၀၁၂ခုနှစ်
အုံနာခဈေးကြီးမှု ဆိုင်ကယ်တက္ကစီများ အပြိုင်ပြေးဆွဲနေမှု အပေါ် မကျေနပ်၍ 
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပေါ်ရှိ သုံးဘီယာဉ်မောင်း ၃၀ ဦးခန့်မှ 
ယနေ့နေ့လည် ၁၂နာရီခွဲခန့်ကစ၍ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင်
တောင်းဆိုမှု ပြုလုပ်နေကြောင်း သိရသည်။

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံလယ်သမားများ ဆန္ဒပြ


၃၁ရက် မေလ ၂၀၁၂ခုနှစ်
ရန်ကုန် (မဇ္ဈိမ) ။      ။ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ လယ်သမား ၁၀၀ ကျော်က 
လယ်သိမ်းခံခဲ့ရမှုနှင့် ပတ်သက်၍ ကြာသပတေးနေ့မနက်ပိုင်းက ရန်ကုန်တိုင်း မြို့ရွာနှင့် 
အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြကြသည်။

လှိုင်သာယာလယ်သမားများ အိုးအိမ်ဌာနကို ဆန္ဒပြ


၃၁ရက် မေလ ၂၀၁၂ခုနှစ်
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက လယ်သမားတွေဟာ အသိမ်းခံရတဲ့ လယ်မြေတွေမှာ ပြန်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုထားတဲ့ ကိစ္စ ဖြေရှင်းမပေးတဲ့အတွက် 
အိုးအိမ်ဌာနမှာ ဒီနေ့သွားရောက်ဆန္ဒပြ တောင်းဆိုကြပါတယ်။

လှိုင်သာယာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေ (ရုပ်သံ)