Saturday, September 1, 2012

မြေသိမ်းခံ လယ်သမားများကို ယုဇနဦးဌေးမြင့် အလျော်ပေးမည်


၃၁ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၀ါရာဇွပ်ကျေးရွာအုပ်စုမှ လယ်မြေဥယျာဉ်များ သိမ်းယူထားမူအတွက် ဆန္ဒပြရန် ရန်ကုန်မြို့သို့ ရောက်လာသည့် လယ်သမားများသည် ယုဇနကုမ္မဏီပိုင်ရှင် ဦးဌေးမြင့်မှ အချိန်မီ ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော်အတွက် နေအိမ်များ ထပ်ဖယ်ခိုင်း


၃၁ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ တိုင်းဒေသကြီး လွတ်တော်အသစ်ရဲ့ အနီးဝန်းကျင်က အိမ်တွေကို သက်ဆိုင်ရာက ပြောင်းခိုင်းနေရာမှာ ကြောက်လန့်လို့ ဖယ်ပေးလိုက်သူရှိသလို မဖယ်ပေးဘဲ 
တင်းခံနေသူတွေလည်း ရှိနေပါတယ်။

ကြေးနီစီမံကိန်း ရွာဖယ်ခိုင်းသည့်ကိစ္စ ရှစ်ဆယ့်ရှစ်နှင့် တာဝန်ရှိသူများ ဆွေးနွေး


၃၁ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင်းမှာ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ အကောင်အထည်ဖော်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ရွာတွေ ဖယ်ခိုင်းနေတဲ့ ကိစ္စကို ၈၈ မျိုးဆက်ကျောင်းသား
အဖွဲ့က တိုင်းဒေသကြီး တာဝန်ရှိသူတွေ တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ဖားကန့်တွင် ဆက်ကြေး ကောက်ခံခြင်း မရှိဟု KIO ငြင်းဆို


၃၁ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
ချင်းမိုင်(မဇ္စျိမ) ။       ။ ဖားကန့်မြို့နယ်တွင် အတင်းအဓမ္မ ဆက်ကြေး ဆက်ကောက်ခံခြင်း 
မရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ 
အရာရှိ တဦးက ငြင်းဆိုလိုက်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဲ့ အထည်ချုပ်လုပ်ငန်း


၃၁ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
အခုတလော ထင်ရှားတဲ့သတင်းတွေထဲမှာ မကြာမီက ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့  
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ပါဝင်ပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရက ပြဌာန်းခဲ့တဲ့ 
ဥပဒေကို ပြင်ဆင်ရေးဆွဲတာ ဖြစ်ပါတယ်။

၂၃ ဦး ပါဝင်သည့် CNF ငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်း


၃၁ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
ချင်းအမျိုးသားတပ်ဦးက လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်း 
ချမ်းရေး တည်ဆောက်နိုင် ရေး အတွက် ငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်းလိုက်သည်ဟု ကြား သိရသည်။