Monday, October 1, 2012

အဓမ္မနေအိမ်သိမ်းယူ


၃၀ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ရေတာရှည်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးရဲ့ တရားရုံးရှေ့မှာ ၃၅ နှစ်ကျော်နေထိုင်လာခဲ့တဲ့
 ဒေါ်မေဝင်းကြည်တို့မိသားစုဟာ ၁၉၉၁ ခုနှစ် စစ်အစိုးရလက်ထက်မှာ အဓမ္မနေအိမ် 
ဖယ်ရှားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့် ကြည့်နိုင်ဖို့ တရားဝင်အဖွဲ့ ဖွဲ့စည်းရန် လိုအပ်


၃၀ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာ စောင့်ကြည့်နိုင်မည့် Monitoring  
အဖွဲ့ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းလမ်း အကောင်အထည် ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ  
လူမှုအခြေပြု အသင်းအဖွဲ့များ  ယမန်နေ့က ထိုင်း၊ မြန်မာနယ်စပ်မှာ အလုပ်ရုံဆွေးနွေးပွဲ 
၂ ရက်သာ ပြုလုပ်သွား ကြပါတယ်။

စစ်တွေရှိ ရခိုင်အမျိုးသမီး(၂၀၀) ခန့် ဆန္ဒဖော်ထုတ်ပွဲကို နှစ်ပတ်အတွင်း ပြုလုပ်မည်


၃၀ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ရခိုင်ဒေသတည်ငြိမ်မှု မရှိသမျှ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံမှုကို ခြိမ်းခြောက်ခံနေရသဖြင့် 
တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ရန် လိုအပ်နေခြင်းကြောင့် စစ်တွေမြို့၌ 
အမျိုးသမီး(၂၀၀)က လာမည့်နှစ်ပတ်အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်ခရိုင် နိုင်/ကျဉ်းဟောင်းများအဖွဲ့ ဖွဲ့စည်း


၃၀ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ပဲခူးတိုင်း၊ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမအကြိမ် တွေ့ဆုံပွဲကို ပြည်မြို့က 
(Happy mark) စာအုပ်ဆိုင်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပြီး  
ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။

အမျိုးသမီးများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် စစ်တွေအာဏာပိုင် တားမြစ်


၃၀ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေးအတွက် 
စီတန်းလှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ အဲဒီအမျိုးသမီးတွေကို အာဏာပိုင်တွေဘက်က 
မနေ့က ခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။