Friday, May 10, 2013

ITUC နှင့် FTUB တို့ ပူးတွဲကျင်းပသော စည်းရုံးရေး နည်းပညာသင်တန်း

၂၀၁၃ ခုနှစ် မေလ ၉ရက်နေ့မှ ၁၂ ရက်နေ့အထိ စည်းရုံးရေးနည်းပညာသင်တန်းအား ITUC- မြန်မာရုံးမှ ဒါရိုက်တာ Nakajima နှင့် ITUC မြန်မာရုံးမှအကြီးတန်း ပေါ်လစီရေးရာမန်နေဂျာ Dr.Min Nyo တို့ လာရောက်သင်ကြားပြသပေးခဲ့ပါသည်။ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့တွင် သင်တန်းအား FTUM မှ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်မည်။ သင်တန်းတွင် သင်တန်းသား/ သူ ဦးရေ (၂၀) တတ်ရောက်ခဲ့ပါသည်။ 9th - 12th May 2013

Thursday, May 2, 2013

၂၀၁၃ခုနှစ် မေလ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကျင်းပစဉ်

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကျင်းပသောလှိုင်သာယာအောင်မြေသာယာ ဘောလုံးကွင်းတွင် ကျင်းပသော မေဒေးနေ့အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှအရာရှိများနှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၀န်ကြီးများကြွရောက်၍ နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမား စုစုပေါင်း ၄၀၀၀ ကျော်ခန့် တတ်ရောက်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ မေဒေးနေ့ အခမ်းအနား

၂၀၁၃ ခုနှစ် မေလ ၁ရက်နေ့မေဒေးနေ့ အခမ်းအနားအား လှိုင်သာယာမြို့နယ်တွင် နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများမှ ခေါင်းဆောင်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့(ILO)မှ နည်းပညာအကြံပေးအရာရှိနှင့် ဇနီး၊ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဝန်ကြီးဌာနမှ ၀န်ကြီးများ တတ်ရောက်အမှာစကားပြောကြားခြင်းနှင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ အခြေခံအလုပ်သမားသမဂ္ဂများ၏ ဖျာ်ဖြေမှုများ။ တေးသံရှင်အဆိုတော်လေးများမှ လာရောက်ဖျော်ဖြေမှုများ ဖြင့် ပရိတ်သတ်များအား ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေပွဲသို့ အလုပ်သမား (၄၀၀၀) ခန့် တတ်ရောက်ခဲ့ကြပါသည်။