Tuesday, January 21, 2014
- Introduction  to  the ILO and  International Labour  standards  the Role of Trade Unions
- Introduction to The  Labour organization Law
- International Labour  standards  Court  Proceedings  Discussions 
- International  Labour standards and The Settlement of Labour Dispute law Discussions  
- Opportunity to disucss Labour law reform   discussions 
             Trainer -   Jeffrey Scott Vogt
Monday, January 20, 2014
Industrial Relations, Productivity and Labour Management Cooperation 
(၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁၇) ရက်နေ့ နှင့် (၁၈) ရက်နေ့)
FTUM နှင့် JILAF ဂျပန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ကူညီပံ့ပိုးရေးဖောင်ဒေးရှင်း တို့ ပူးတွဲကျင်းပတဲ့ 
Industrial Relations, Productivity and Labour Management Cooperation
Saturday, December 28, 2013
မြန်မာနိုင်ငံရေး လောကမှ အထင်ကရ ပုဂ္ဂိုလ်များလေဘာယူနီယံဥက္ကဌ ဦးမျိုးညွှန့်
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်
ကိုလိုနီ ခေတ်ကရေနံမြေ အလုပ်သမားများဘက်မှ အမြဲထာဝစဉ်ရပ်တည်ခဲ့သူ
 လေဘာယူနီယံ ဥက္ကဌ အမည်မှာ ဦးမျိုးညွှန့်ဖြစ်သည်။ အလုပ်သမားများ
အကျိုးအတွက် နယ်ချဲ့အရင်းရှင် အစိုးရကိုယ်တိုင် ၀ါဏိဇ္ဇ ပဋိပက္ခ ဥပဒေကဲ့သို့သော 
ဥပဒေမျိုးပြဌာန်းခဲ့ရခြင်းပင်သည် လေဘာယူနီယံ ဥက္ကဌ ဦးမျိုးညွှန့် ၏
 ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်။
မျိုးရိုးဇာတိ
            ဦးမျိုးညွှန့်ကို ၁၂ ဇန်န၀ါရီ ၁၈၉၀ တွင်
 မန္တလေးမြို့ ဒေးဝန်းရပ်၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးမောင်မောင်ဘ
 နှင့် ဒေါ်မမတော်တို့ ဖြစ်ကြသည်။ ဖခင် ဦးမောင်မောင်ဘသည် မြန်မာဘုရင်လက်ထက်
 ဗြဲတိုက်သံတော်ဆင့် ဦးသက် ဒေါ်ချိုတို့၏ သား ဖြစ်ပြီး မိခင်ဒေါ်မမတော်မှာ 
အလုံမြို့ဝန်ဦးဖိုးကံ ဒေါ်မှိုနုတို့၏ သမီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဦးမျိုးညွှန့်သည် 
ဝန်စုမှူးစုမှ ပေါက်ဖွားလာသူ တဦးဟု ဆိုနိုင်ပါသည်။
ပညာသင်ဘဝ
            ဦးမျိုးညွှန့်သည် ငယ်စဉ်က မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဧ 
(ဘီတီအဲန်) အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ 
အထက်တန်းအထိ ပညာသင်ယူခဲ့ပြီးနောက် မိဘ များအလိုကျ
 မြို့အုပ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့သည်။ သို့သော် မူလကပင်
 မြို့အုပ်ရာထူးကို မမက်မောသူ ဦးမျိုးညွှန့်သည် သာသနာ့ဘောင် သို့
ရေနံချောင်းသို့
            ဦးမျိုးညွှန့်သည် အသက် ၂၅ နှစ် အရွယ် ၁၉၁၅ ခုနှစ်တွင်
 ရေနံချောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထို့နောက်အသက် 
၂၉ နှစ် အရွယ် ၁၉၁၉ ခုနှစ်တွင် ရေနံချောင်းမြို့မှ ရေနံတွင်းစားရိုးဦးမောင်မောင်ပု၊
 ဒေါ်ခင်စောလှတို့ သမီး မမကလေးနှင့် အိမ်ထောင်ပြုခဲ့သည်။
 သို့ကြောင့်လည်း ဦးမျိုးညွှန့် ကိုရေနံချောင်းဇာတိဟု အထင်ရှိကြခြင်း ဖြစ်ပါသည်။
            ဦးမျိုးညွှန့် ရေနံချောင်းတွင် အိမ်ထောင်ကျခဲ့သဖြင့် ရေနံမြေ 
အလုပ်သမားများနှင့် ပိုမိုနီးစပ်သွားသည် ဟုဆိုနိုင်ပါသည်။ မျိုးချစ်စိတ်ဓါတ်
 ပြင်းထန်သူဦးမျိုးညွှန့်သည် ရေနံမြေ အလုပ်သမားများ၏ ဘ၀ကို ကိုယ်ချင်းစာနာမိကာ
 အလုပ်သမားများအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
ရေနံမြေအလုပ်သမား အစည်းအရုံး
            ၃ ဧပြီ ၁၉၂၁ တွင် ရေနံချောင်းမြို့ ကျောက်စာရုံကျောက်တိုက်၌ ရေနံမြေ 
အလုပ်သမားအစည်းအရုံး (Burma Oil fields Labours’ Union) 
ကို စတင်တည်ထောင်လိုက်ပါသည်။ ယင်းလေဘာယူနီယံမှာ မြန်မာနိုင်ငံတွင်
ပထမဆုံးပေါ်ပေါက်လာသော အလုပ်သမားအသင်း အဖွဲ့ ဖြစ်ပြီး ဦးမျိုးညွှန့်က 
ဥက္ကဌ အဖြစ် ဆောက်ရွက်ခဲ့သည်။ လေဘာယူနီယံ 
အတွင်းရေးမှူးမှာ ဦးအေးမောင်(ရေနံချောင်း အမျိုးသားအထက်တန်း ကျောင်းအုပ်ဆရာကြီး)
 ဖြစ်ပါသည်။ အမှုဆောင်အဖွဲ့တွင် ဦးဆိုးတေ၊ ဦးတောင်ရိုး၊ ဦးထွန်းအေး၊ ဦးကြွက်၊ ဦးခင်၊ ဦးစိုးမင်း၊ 
ဦးကြာဇံ၊ ဦးပွကြီး၊ ဦးတင့်၊ ဦးမိုး၊ ဦးသာဇ၊ ဦးနှုံး၊ ဦးဘသန့်တို့ဖြစ်ကြသည်။ အများစုမှာ ရေနံမြေ 
အလုပ်သမားကြီးများ ဖြစ်ကြသည်။
ပထမအကြိမ်အလုပ်သမားကွန်ဖရင့်
            ရေနံမြေအလုပ်သမားယူနီယံကို စတင်တည်ထောင်ခဲ့ပြီးနောက်မရှေး
မနောင်းကာလ၌ပင် ပထမအကြိမ်ရေနံမြေအလုပ်သမား လှုပ်ရှားမှုကို စတင်ဖော်ဆောင်ခဲ့ကြသည်။
 ထီးဖြူရုံကြီးထိုးကာ အလုပ်သမား ၂၀၀၀ ကျော်ဖြင့် ကွန်ဖရင့်ကြီးကို ကျင်းပခဲ့ကြသည်။ 
ယင်းကွန်ဖရင့် တွင် ရေနံမြေ အလုပ်သမားများက အဆိုပေါင်း ၁၃၀ ကျော် 
တင်ပြတောင်းဆိုခဲ့ကြသည်။ ယင်းအဆိုများထဲတွင် တစ်နိုင်ငံလုံးနှင့် 
သက်ဆိုင်သည့် သဿမေဓအခွန်တော် (လူခွန်) တိုက်ဖျက်ရေးအဆိုလည်း ပါဝင်ခဲ့သည်။ 
သို့သော် ယင်းကွန်ဖရင့်၏ တောင်းဆိုချက်များကို အရင်းရှင် ရေနံကုမ္ပဏီများက အကြောင်းမပြန်ခဲ့ပေ။
ရေနံမြေသပိတ် အစ
            ၁၉၂၃ ခုနှစ်တွင် အလုပ်သမားထု စည်းဝေးရန်စီစဉ်နေစဉ် မကွေးဒိစတြိတ် 
ရာဇ၀တ်တရားသူကြီး တီလစ်စတာ (T.Lister) က လက်မှတ်ရေးထိုးကာ ပုဒ်မ ၁၄၄
 ထုတ်ပြန်လိုက်ပါသည်။ သို့ဖြင့် အလုပ်သမားများက မီးခိုးတိတ်
 သပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။ ယင်းသပိတ်တိုက်ပွဲသို့ ရေနံချောင်းရေနံမြေမှ
 သာမက ချောက်၊ စဥ့်ကူးရေနံမြေတို့ကပါ အလုပ်သမားများစုပေါင်းပါဝင်ခဲ့ကြသည်။
 ဘီအိုစီ ကိုယ်စားလှယ် မစ္စတာလန့်(စ်)က အလုပ်သမားများ သပိတ်မှောက်တော့
မည်ကြားသည်နှင့်ပင် လေဘာယူနီယံ ဥက္ကဌ ဦးမျိုးညွှန့်အား ငွေတသိန်း၊ 
သားစဉ်မြေးဆက် ရေနံကန်ထရိုက်လုပ်ငန်းနှင့် ကားတစ်စီးပေးမည်ဖြစ်ကြောင်း 
ကမ်းလှမ်းခဲ့သည်။ သို့သော် ဦးမျိုးညွှန့်က ယင်းကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ 
သို့ဖြင့် ရေနံမြေကို ခြေမနင်းရဟု နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။
မြေမနင်းတရားပွဲ
            ရေနံမြေကို ခြေမနင်းရဟူသော ဗြိတိသျှတို့၏ နယ်နှင်ဒဏ်ကြောင့် 
ဦးမျိုးညွှန့်က ရေနံမြေအလုပ်သမားများအား ရေနံချောင်းမြို့ 
စနေနံဆိပ်ကမ်း၌ စုဝေးစေပြီး သူကိုယ်တိုင်က မှု ဧရာဝတီမြစ်အတွင်း ဖောင်ပေါ်မှ 
ရပ်ကာ တရားဟောခဲ့သည်။ ရေနံမြေ အလုပ်သမားထု၏ အင်အားက 
ဘီအိုစီ ကဲ့သို့သော အရင်းရှင် ကုမ္ပဏီကြီးများအား အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
တောင်းဆိုချက်အချို့
            လေဘာယူနီယံ ဥက္ကဌ ဦးမျိုးညွှန့်၏ 
ကြိုးပမ်းမှုကြောင့် ငါးလ၊ ခြောက်လ အကြာ ၁၉၂၃ခုနှစ်၊ သြဂုတ်လတွင်
 ရေနံမြေအလုပ်သမားများ၏ တောင်းဆိုချက်အချို့ကို လိုက်လျောခဲ့ရသည်။
 ယင်းတောင်းဆိုချက်များကား အလုပ်သမားများလျှော်ကြေး၊  ဘာသာရေးရက်များ၊ 
အားလပ်ခွင့်၊ လစာတိုးပေးရေး၊ နေအိမ်တန်းလျား
များ ဆောက်လုပ်ပေးရေး၊ ရေမီးစီစဉ်ပေးရေးနှင့် တနေ့ ၈နာရီအလုပ်ချိန် 
သတ်မှတ်ရေးတို့ ဖြစ်ကြသည်။ သို့သော် တဖက်မှလည်း ရေနံမြေ 
အလုပ်သမားခေါင်းဆောင် ဦးမျိုးညွှန့်မှာမှု ရေနံဝန်မစ္စတာ ပီးယားစ် 
(Mr.Peare) အမိန့်ဖြင့် ရေနံမြေ ဥပဒေ ပုဒ်မ (၆၈) အရ ရေနံမြေမှ နှင်ထုတ်ခြင်း
 ခံခဲ့ရရာ ပခုက္ကူ (မြိုင်)သို့ သွားရောက်နေထိုင်ခဲ့ရသည်။ သို့သော် နောက်ပိုင်း 
ဥပဒေပြု လွှတ်တော် အမတ် ဦးဘဘေ၏ အကူအညီဖြင့် ရေနံမြေသို့ ပြန်လည်လာရောက်
 နေထိုင်ခွင့်ရရှိခဲ့သည်။ ဦးမျိုးညွှန့်သည် ပခုက္ကူဘက်တွင် နေထိုင်စဉ်ချင်းတိုင်းရင်းသား 
များ တိုးတတ်ရေးအတွက်လည်း ကြိုးပမ်းဆောက်ရွက်ခဲ့သေး၏။
ဒုတိယမြောက် ရေနံမြေသပိတ်
            ၁၉၂၆ ခုနှစ်တွင် ရေနံမြေ အလုပ်သမားများ 
ဒုတိယအကြိမ်မြောက် သပိတ်မှောက်ခဲ့ကြသည်။ လခစားအလုပ်သမားများအား
 နေ့စားအဖြစ် ပြောင်းလဲလိုက်သဖြင့် သပိတ်မှောက်ကြခြင်းဖြစ်သည်။ ဒုတိယမြောက် 
သပိတ်ဖြစ်ပွားသော အခါ တောင်းဆို
ချက်များလည်း များပြားလာခဲ့သည်။ ဤတွင် ဦးမျိုးညွှန့်က 
အလုပ်သမားအကျိုးအတွက် ရေနံမြေအလုပ်သမား သတင်းစာကိုထုတ်ဝေ
ရန်လည်း စိတ်ကူးရမိခဲ့သည်။
ရေနံမြေအလုပ်သမား သတင်းစာ
            ၁၅ ဇန်န၀ါရီ ၁၉၃၃ တွင် ရေနံမြေ အလုပ်သမားသတင်းစာကို 
စတင်ထုတ်ဝေခဲ့သည်။ ပုံနှိပ်စက် အခက်အခဲကြောင့် ရန်ကုန်မြို့ သီတာအေး ပုံနှိပ်တိုက်တွင် 
ရိုက်နှိပ်ကာရေနံမြေ ၌ ဖြန့်ချီခဲ့သည်။ စာမျက်နှာ ၂၀ ရှိပြီး စောင်ရေ ၁၅၀၀ ခန့် ရိုက်နှိပ်ပါသည်။ 
တာဝန်ခံ အယ်ဒီတာက ဦးသာဇဖြစ်ပြီး ဦးမျိုးညွှန့်က ကမ္ဘာ့အလုပ်ရှင်အလုပ်သမားကဏ္ဍ
 ကိုပင်တိုင်ရေးသားခဲ့သည်။ အယ်ဒီတာချုပ်မှာ ဦးမျိုးညွှန့်ပင်ဖြစ်ပြီး မြန်မာစာဆရာ
 ဦးဘသိန်းနှင့် ဦးခင်သန်း (နောင်တိုင်းပညာဝန်)တို့က အယ်ဒီတာများအဖြစ် ပါဝင်ကူညီခဲ့ကြသည်။
ပထမဆုံး အလုပ်သမားအမတ်
            ၁၉၃၆ ခုနှစ် နိုဝင်ဘာလ၉၁ ဌာန ရွေးကောက်ပွဲတွင် ဦးမျိုးညွှန့်က 
ပထမဆုံး အလုပ်သမားအမတ် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အလုပ်သမားအမတ် 
အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အလုပ်သမားမဲဆန္ဒရှင် ၅၀၀၀ အနက် ၃၅၀၀ က
 ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ပါသည်။ ဦးမျိုးညွှန့်သည် လွှတ်တော်အမတ်ဖြစ်လာသော
 အခါ အလုပ်သမားများအကျိုးအတွက် ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ ၀ါဏိဇ္ဇပဋိပက္ခဥပဒေနှင့် 
ပတ်သတ်၍ ဦးမျိုးညွှန့်၏ ကြိုးပမ်းဆောင်ရွက်မှုက ထင်ရှားခဲ့ပါသည်။
 ချောက်ရေနံမြေသပိတ်
            ၈ ဇန်န၀ါရီ ၁၉၃၈ တွင် ချောက်ရေနံမြေသပိတ် စတင်ဖြစ်ပွားခဲ့သည်။
 ရေနံမြေအလုပ်သမားများက လေဘာယူနီယံ၏ ဦးဆောင်မှုဖြင့် အရင်းရှင်
 ရေနံကုမ္ပဏီများအား သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများသည်
 တောင်းဆိုချက်များကို လိုက်လျောမှု မရှိသဖြင့် မိုင်ပေါင်း၄၀၀ကျော် 
ကွာဝေးသော ချောက်မြို့မှ ရန်ကုန်မြို့သို့ ခြေလျင်ချီတတ် 
ဆန္ဒပြခဲ့ကြသည်။  သို့ဖြင့် ချောက်ရေနံ မြေသပိတ်သည် အလုပ်သမား၊
 ကျောင်းသားစသည်ဖြင့် လူတန်းစားပေါင်းစုံ ပါဝင်လာကာ ၁၃၀၀ ပြည့် 
အရေးတော်ပုံကြီး ဖြစ်ပွားလာတော့သည်။
ဘ၀နိဂုံး
            ဦးမျိုးညွှန့်သည် အလုပ်သမားအရေးကို ရောက်ရာ အရပ်တွင် 
အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင်
 ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်လာသော အခါ သူ့အားစည်းရုံးသိမ်းသွင်းခဲ့သော်လည်း 
မရရှိခဲ့ပေ။ ဦးမျိုးညွှန့် နှင့် ဇနီး ဒေါ်မမလေးတို့မှ ကိုမြင့်မောင်၊ မခင်မြင့်မေ၊ မခင်မြင့်ဆွေ၊ 
ကိုမြင့်အောင်တို့ကို ဖွားမြင်ခဲ့ကြောင်း သိရသည်။
Weekly Eleven မှ ကူးယူဖော်ပြသည်။