Wednesday, February 29, 2012

အစိုးရတပ်မှ ခရီးသည်နှင့် လူကယ်ရီများထံ ငွေကြေးရယူပြီး တရားမ၀င်ဆိုင်ကယ်များကို လည်း နေ့စဉ်ပေးသွင်း


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် အစိုးရ
စစ်တပ်များသည် ယခုရက် ပိုင်းအတွင်းခရီးသည်နှင့် လူကယ်ရီများထံ ငွေကြေး 
ရယူပြီး ထိုင်းမှ တရားမ၀င်ဆိုင်ကယ်များ ကိုလည်း နေ့စဉ်ပေးဝင်လျှက်ရှိသည်ဟု 
သိရသည်။

အဓမ္မသိမ်းယူခံထားရသည့် နယ်မြေမှ မပြောင်းပေးသည့် ရွာသားအချို့ တရားစွဲခံရ


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် မီးသွေးဖိုကုန်းကျေးရွာမှာ နေထိုင်တဲ့ ရွာသားတွေကို 
စီမံကိန်းနယ်မြေဆိုပြီး ဖယ်ခိုင်းကာ မဖယ်ပေးတဲ့ ရွာသားတွေကို စည်ပင်သာယာက 
တရားစွဲဆိုပါတယ်။ တရားစွဲခံရတဲ့ ဦးချစ်ကိုဦးက ကျနော်တို့ ရွာက စီမံကိန်းနယ်မြေ
ဖြစ်တယ်ဆိုပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က လာပြီး ညွှန်ကြားသွားပြီးတော့ ကျေးရွာနေတဲ့သူတွေကို ပြောင်းရွှေ့ကြေး ၂ သိန်း ပေးတယ်။ 

နိုင်ငံ့ဝန်ထမ်း အလုပ်ချိန်တွေ တိုးသင့်


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံဝန်ထမ်းတွေနဲ့ အလုပ်ချိန်ဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် တနာရီလောက်
လျော့နည်းနေတဲ့အတွက် မြန်မာနိုင်ငံမှာ ၀န်ထမ်းအင်အား သုံးသိန်းရှိတယ်ဆိုရင် 
တလကို အလုပ်ချိန် ခြောက်သန်းလောက် ဆုံးရှုံးနေတယ်လို့ မြန်မာ့နာမည်ကျော် 
အိုင်တီပညာရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။

ကျပ် ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားသူ ၁၁ ဦး ဖမ်းဆီးဟန့်တားခံရ


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်မြို့နယ်အတွင်းမှာ ဒီကနေ့ မနက် ၈ နာရီလောက်က 
တန်ဖိုးနည်း ကျပ် ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားသူ ၁၁ ဦးကို သက်ဆိုင်ရာ 
အာဏာပိုင်တွေက ဖမ်းဆီးဟန့်တားခဲ့တယ်လို့ သိရပါတယ်။

ငါးထောင်တန် ဖုန်းရရေး လှုံ့ဆော်


၂၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ငါးထောင်တန် ဖုန်းရရှိရေး အတွက် ပြည်သူလူထုတရပ်လုံး တောင်းဆိုလာအောင် 
လှုံ့ဆော်တဲ့အနေနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစုက ဦးဆောင်ပြီးတော့ 
ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာ
မြို့နယ်တွေမှာ နိုးဆော်စာတွေ အင်္ဂါနေ့မနက်မှာ ဝေခဲ့ပါတယ်။