Saturday, June 30, 2012

မြေသိမ်းခံ တောင်သူလယ်သမားများ သတင်းစာရှင်းလင်းပွဲပြုလုပ်


၂၉ရက် ဇွန်လ ၂၀၁၂ခုနှစ်
ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တွေအတွင်းက လယ်သမား ၁၇၀လောက်ဟာ 
ရန်ကုန်မြို့မှာ စုဝေးကြပြီး သူတို့လယ်မြေတွေကို အာဏာပိုင်တွေက သိမ်းဆည်းထား
တဲ့အပေါ် မကျေနပ်ချက်တွေ ထုတ်ဖော်ပြောဆိုကြပါတယ်။

မြေယာသိမ်းပြီး လျောကြေးမပေးသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေ


၂၉ရက် ဇွန်လ ၂၀၁၂ခုနှစ်
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရွှေအင်းတိန်ကျေးရွာအုပ်စုမှာ အထက်ဘီလူးချောင်း
 ရေအားလျှပ်စစ် စီမံကိန်းအတွက် မြေယာတွေ သိမ်းဆည်းပြီး ထိုက်သင့်တဲ့ လျော်ကြေး
မပေးတဲ့အပြင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ပေးမယ်ဆိုပြီး ၃ နှစ်ကြာတဲ့အထိ မလုပ်ပေးတဲ့အပေါ်
 ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

ကော့သောင်း တပ်နယ်မြေ သိမ်းမည့်ခြံများ မှတ်တမ်းကေက်ယူသွား


၂၉ရက် ဇွန်လ ၂၀၁၂ခုနှစ်
စံခလပူရီ (မဇ္ဈိမ) ။         ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မြောက်ဘက် ရွှေပြည်သာ 
ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ဧက ၄ဝ ကျော်ကို စစ်တပ်က တပ်မြေအဖြစ် အုတ်တိုင်များ 
စိုက်ထူထားခြင်းကြောင့် ခြံရှင်များက ဒေသန္တရ အာဏာပိုင်များ ထံ တင်ပြရန် 
စီစဉ်နေစဉ်မှာပင် စစ်တပ်က ခြံရှင်များထံ လာရောက်ကာ ခြံမြေပိုင်ဆိုင်မှုနှင့် 
ပတ်သက်သည့် မှတ်တမ်း များ တောင်းယူသွားကြောင်း ခြံရှင်များက ပြောသည်။

လှိုင်သာယာ အိုးအိမ်တရားစွဲသူတွေ အဖမ်းခံရ


၂၉ရက် ဇွန်လ ၂၀၁၂ခုနှစ်
ရန်ကုန် လှိုင်သာယာမြို့နယ်မှာ ကျူးကျော်နေထိုင်မှုနဲ့ အိုးအိမ်က တရားစွဲထားသူ 
အိမ်ထောင်စု ၂၈ခုက လူတွေကို လှိုင်သာယာ တရားရုံးက ရုံးချိန်းချိန်းပြီးနောက် 
တရားရုံးက ခေတ္တ ထိန်းသိမ်းခဲ့ပါတယ်။

အတင်းအကြပ်စစ်သားစုဆောင်းခံရသည့်သားအတွက် မိဘများ (HRDP)အဖွဲ့ထံ အကူအညီတောင်း


၂၉ရက် ဇွန်လ ၂၀၁၂ခုနှစ်
လုပ်ငန်းခွင်ဝင်ရာမှ ၂၀၁၀ ခုနှစ်က စစ်သားအဖြစ်စုဆောင်းခံခဲ့ရတဲ့ သားဖြစ်သူ မောင်နိုင်လင်းအောင်နဲ့ 
အဆက်အသွယ်ရဖို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အဖွဲ့ကို  
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စံကင်းကျေးရွာနေ မိဘဖြစ်သူ ဦးကျော်စိုး၊ ဒေါ်တင်တင်နွဲ့တို့က 
အခုလ ၂၇ ရက်နေ့က စာရေးသား အကူအညီတောင်းခံခဲ့သည်။