Sunday, September 30, 2012

ရွာသား၅ဦးသေနတ်ပြစ်ခံရ


၂၉ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ 
စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း 
သိရပါသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင်
 ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံးသွားခဲ့ပါသည်။

ရှားခဲအင်းပဋိပက္ခတွင် ဒဏ်ရာရသူ ၂ ဦး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း


၂၉ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲအင်းကြီး၌ စက်တင်ဘာ ၂၇ ရက်နေ့ညက
 ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့သူ ၂ ဦးမှာ အခြေအနေ ဆိုးရွားနေသဖြင့် 
ယမန်နေ့ နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ 
လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်သည်။

Saturday, September 29, 2012

သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့


၂၈ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်

လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတရပ်အဖြစ် သဘင်သမဂ္ဂ တည်ထောင်ဖို့

 ဖြစ်မြောက်ရေး ကော်မတီ ယာယီကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။

 

အပြည့်အစုံသို့ -----------

2012 Sep 29 Region of Minister's Law

2012 Sep 29 Region of Minister's Law

2012 Sep 28 U Thein Sein Speech

2012 Sep 28 U Thein Sein Speech

မြန်မာ့ပို့ကုန်လုပ်ငန်း ချက်ခြင်းထိုးတက်သွားဖို့ မဖြစ်နိုင်သေး


၂၈ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံက ထွက်ကုန်တွေ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ 
အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်လိုက်တာကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနဲ့ 
စိုက်ပျိုးရေးကဏ္ဍတွေ ဦးမော့လာနိုင်စရာရှိပေမဲ့ မြန်မာ့ ပို့ကုန်လုပ်ငန်းဟာ ချက်ခြင်းလက်ငင်း 
 ထိုးတက်သွားမယ်လို့ မျှော်လင့်လို့ မရနိုင်သေးကြောင်း လေ့လာသူတွေက ပြောကြပါတယ်။

ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ


၂၈ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက်
 နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ
 ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ 
ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း  
Bloomberg သတင်းက ဖော်ပြပါတယ်။