Friday, November 30, 2012

ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို


29 Nov 2012

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း လှုပ်ရှားမှုမှာ 
 မပြီးဆုံးသွားဘဲ ဒေသခံများနှင့် အဖွဲ့အင်အားများ စုစည်းကာ ဆန္ဒထပ်ပြမည်ဟု သပိတ် 
အဖွဲ့ ခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။

သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင်ထားရ


29 Nov 2012

နယူးဒေလီ (မဇ္ဈိမ) ။     ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက်
 တောင်းဆိုနေကြသော ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့မှ ပင်မ သပိတ်စခန်းကို ကြာသပတေးနေ့ 
နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာဆေးရုံကြီးတွင် တင်ထားကုသမှုခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့် အခြေအနေကြောင့် မန္တလေးသို့ ကုသရန် 
ပင့်ဆောင်သွားရသည်။




ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်း (VOA ရုပ်သံ)

လက်ပန်းတောင်းတောင် အရေး အစိုးရထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပယ်ဖျက်


29 Nov 2012

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း 
ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပါတ်သက်လို့
 မြန်မာအစိုးရက ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ 
ပယ်ဖျက်လိုက်ပါတယ်။

အပြည့်အစုံသို့ --------------


လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြော


2012-11-29
လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း
 ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံသို့ ----------------

ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းမှု ကန့်ကွက်ဝေဖန်


29 Nov 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုနေသူတွေနဲ့ 
တာဝန်ရှိသူတွေကြားမှာ ညှိုနှိုင်းလို့ ရနိုင်တဲ့ အခြေအနေရှိနေတဲ့ကြားက ဆန္ဒပြသဃာတွေကို 
လုံခြုံရေးက အင်အားသုံး နှိမ်နှင်းခဲ့တာဖြစ်တယ်လို့ ပြဿနာကို ကြားဝင်စေ့စပ် ဖို့ကြိုးစားနေတဲ့ 
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောလိုက်ပါတယ်။ ကြေးနီ တူးဖော်ရေး 
စီမံကိန်း နယ်မြေတဝိုက် ဆန္ဒပြနေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖယ်ရှားဖို့ ပြည်ထဲရေးဌာနက 
အသိပေးပြီးနောက် အာဏာပိုင်တွေဘက်က  အင်အားသုံး နှိမ်နှင်းခဲ့တဲ့ အပေါ်မှာ ဒေါ်ခင်စန်းလှိုင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံသို့ -----------------