မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of Trade Unions Myanmar (FTUM)သည် မြန်မာပြည်သူ တရပ်လုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမှု တရား မျှတရေးနှင့် အလုပ်သမား သမဂ္ဂများ မြန်မာပြည်တွင် ပြန်လည်ပေါ်ထွန်းလာရေးအတွက် (FTUM) ကို စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
Int' Trade Un Trip To Bur
Thursday, June 27, 2013
FTUM ၏ ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကလေးစစ်သားအသုံးပြုမှုနှင့် ဓမ္မမခိုင်းစေမှုများ ပပျောက်အောင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတွင် ပြုလုပ်ခဲ့မှုများအား သမဂ္ဂအဖွဲ့ဝင်များအား ပြန်လည်ရှင်းပြခြင်း
Work through the ILO mechanism (1992-2012)
to achieve changes on workers rights in Myanmar.
One hundred and twenty three unions from various
sectors (Agriculture, Industrial, Transport,
Building and Wood) around 300 hunderd people from Yangon,
Mandalay, Bago, Ayarwaddy, Sagaing, Shan state and Mon
state were participated.
Thursday, June 20, 2013
Tuesday, June 18, 2013
Wednesday, May 29, 2013
Sunday, May 26, 2013
AFFM ဥက္ကဌ ဦးသန်းဆွေ အီတလီနိုင်ငံသို့ ထွက်ခွာ
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
(ကြိုတင်) ဥက္ကဌ ဦးသန်းဆွေသည် အီတလီနိုင်ငံ Perugia မြို့၌် ကျင်းပသော
၂၀၁၃ ခုနှစ် မေလ ၂၈ရက်နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပသော FAI CISL
(အီတလီနိုင်ငံ စိုက်ပျိုးရေး၊ စားသောက်ကုန်၊ သဘာဝပါတ်ဝန်းကျင်နှင့် စက်မှုအလုပ်သမား
သမဂ္ဂများအဖွဲ့ချုပ်) ၏ နိုင်ငံလုံးဆိုင်ရာ ပဉ္စမအကြိမ်မြောက် အထွေထွေ ညီလာခံကို
တက်ရောက်ရန် အတွက် မေလ ၂၇ ရက်နေ့ မနက် ၅နာရီတွင် ထွက်ခွာမည်ဖြစ်သည်။
ထိုမှ တဆင့် ILO ညီလာခံသို့ တက်ရောက်ရန် အတွက်ဂျီနီဗာနိုင်ငံသို့
သွားရောက်မည် ဖြစ်သည်။
Wednesday, May 22, 2013
အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိဆွေးနွေးမှု အောင်မြင်ခြင်း
အမှတ်(၆၉၊၇၈)၊ ပြင်စည် မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ
မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ရှိ East Growth အထည်ချုပ်စက်ရုံ
တွင် အလုပ်သမားများသည် အခြေခံအလုပ်သမားအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့်
လုပ်အားခတိုးမြှင့်ရေးအတွက် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးခဲ့သည်။ ရှားပါးစရိတ်
၂၀၀၀၀ ကျပ် တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်ဘက်မှ ၁၈၀၀၀ ကျပ်
လိုက်လျောပေးခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင်
နှစ်ဦးသဘောတူစာချုပ် ရေးထိုးခဲ့ပါသည်။အလုပ်ရှင်ဘက်မှ
အလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျောပေးသည့်အတွက်
ကျေးဇူးတင်ပါသည်။
Monday, May 13, 2013
ဘိုဆန်းပိုက်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂများအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း
Saturday, May 11, 2013
Friday, May 10, 2013
ITUC နှင့် FTUB တို့ ပူးတွဲကျင်းပသော စည်းရုံးရေး နည်းပညာသင်တန်း
၂၀၁၃ ခုနှစ် မေလ ၉ရက်နေ့မှ ၁၂ ရက်နေ့အထိ
စည်းရုံးရေးနည်းပညာသင်တန်းအား ITUC- မြန်မာရုံးမှ ဒါရိုက်တာ Nakajima
နှင့် ITUC မြန်မာရုံးမှအကြီးတန်း ပေါ်လစီရေးရာမန်နေဂျာ Dr.Min Nyo
တို့ လာရောက်သင်ကြားပြသပေးခဲ့ပါသည်။ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့တွင်
သင်တန်းအား FTUM မှ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်မည်။ သင်တန်းတွင်
သင်တန်းသား/ သူ ဦးရေ (၂၀) တတ်ရောက်ခဲ့ပါသည်။







9th - 12th May 2013







9th - 12th May 2013
Thursday, May 2, 2013
၂၀၁၃ခုနှစ် မေလ ၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကျင်းပစဉ်
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကျင်းပသောလှိုင်သာယာအောင်မြေသာယာ ဘောလုံးကွင်းတွင်
ကျင်းပသော မေဒေးနေ့အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှအရာရှိများနှင့် အလုပ်သမားအလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၀န်ကြီးများကြွရောက်၍ နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့
အလုပ်သမား စုစုပေါင်း ၄၀၀၀ ကျော်ခန့် တတ်ရောက်ခဲ့ပါသည်။











Subscribe to:
Posts (Atom)




























