Sunday, May 26, 2013

အမေရိကန်- မြန်မာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုများတွင် အလုပ်သမားအခွင့်အရေးများအတွက် ထည့်သွင်းစဉ်းစားမှုကို ထောက်ခံကြိုဆိုကြောင်း ထုန်ပြန်ကြေညာချက်

AFFM ဥက္ကဌ ဦးသန်းဆွေ အီတလီနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ကြိုတင်) ဥက္ကဌ ဦးသန်းဆွေသည် အီတလီနိုင်ငံ Perugia မြို့၌် ကျင်းပသော ၂၀၁၃ ခုနှစ် မေလ ၂၈ရက်နေ့မှ ၃၀ ရက်နေ့ အထိ ကျင်းပသော FAI CISL (အီတလီနိုင်ငံ စိုက်ပျိုးရေး၊ စားသောက်ကုန်၊ သဘာဝပါတ်ဝန်းကျင်နှင့် စက်မှုအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်) ၏ နိုင်ငံလုံးဆိုင်ရာ ပဉ္စမအကြိမ်မြောက် အထွေထွေ ညီလာခံကို တက်ရောက်ရန် အတွက် မေလ ၂၇ ရက်နေ့ မနက် ၅နာရီတွင် ထွက်ခွာမည်ဖြစ်သည်။ ထိုမှ တဆင့် ILO ညီလာခံသို့ တက်ရောက်ရန် အတွက်ဂျီနီဗာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

Wednesday, May 22, 2013

အလုပ်ရှင် အလုပ်သမား စေ့စပ်ညှိဆွေးနွေးမှု အောင်မြင်ခြင်း

အမှတ်(၆၉၊၇၈)၊ ပြင်စည် မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ရှိ East Growth အထည်ချုပ်စက်ရုံ တွင် အလုပ်သမားများသည် အခြေခံအလုပ်သမားအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် လုပ်အားခတိုးမြှင့်ရေးအတွက် အလုပ်ရှင်နှင့်ညှိနှိုင်းဆွေးနွေးခဲ့သည်။ ရှားပါးစရိတ် ၂၀၀၀၀ ကျပ် တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်ဘက်မှ ၁၈၀၀၀ ကျပ် လိုက်လျောပေးခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် နှစ်ဦးသဘောတူစာချုပ် ရေးထိုးခဲ့ပါသည်။အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျောပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

Monday, May 13, 2013

ဘိုဆန်းပိုက်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂများအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း

ဘိုဆန်းပိုက်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂများအဖွဲ့ကို မေလ ၁၁ရက်နေ့တွင် လှိုင်သာယာမြို့နယ် စုပေါင်းရုံးကော်မတီတွင် လူဦးရေ (၆၀) ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။