Monday, June 18, 2012

မိုးထိဒေသ ရွှေမိုင်းလုပ်သားများနှင့် ရွှေကုမ္ပဏီအုပ်စု ပဋိပက္ခ နိုင်ငံတော်၏ ညွှန်ကြားချက်ကိုသာ လိုက်နာကြမည်


စိုးသန်းလင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသကြီးတွင်းရှိ ယခင်  
အိုင်ဗင်ဟိုးကုမ္ပဏီက ကြေးနီမိုင်း တူးဖော်စဉ် ရွှေကြောတွေ့ခဲ့၍ မြန်မာ့ စီးပွားရေး
ဦးပိုင်လီမိတက်က လက်လွှဲ ရယူပြီးနောက် သတ္တုတွင်း ၀န်ကြီးဌာန အောက်သို့
ရောက်ရှိလာသော ရွှေမိုင်းများတွင် လုပ်ကိုင် နေကြသည့် စက်ပိုင်၊ အင်းပိုင်၊ အင်းသားတို့နှင့် ထိုဒေသတွင် ရွှေတူး ဖော်ခွင့်ရကုမ္ပဏီကြီး ဦးဆောင်သည့် အုပ်စုကုမ္ပဏီများအကြား 
လုပ်ပိုင် ခွင့်၊ အကျိုးခံစားခွင့် တောင်းခံမှု၊ ဆန္ဒပြ မှုများ ယခု ဇွန်လ ပထမပတ် 
အတွင်း နေ့စဉ် ဖြစ်ပေါ်ခဲ့သည်။

No comments:

Post a Comment