Tuesday, October 30, 2012

ကျွန်းတော သမ၀ါယမ ဆန္ဒပြ


၂၉ရက် အောက်တိုဘာလ ၂၀၁၂ခုနှစ်

ကျွန်းတောကွက်သစ် သမ၀ါယမပိုင် အဆောက်အဦးကို ကန်ထရိုက်တိုက် ဆောက်လုပ်နေတဲ့အပေါ် 
မကျေနပ်တဲ့ အသင်းသားတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်မှုတခု အောက်တိုဘာလ ၂၈ ရက်နေ့ 
မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနဲ့ မဟာမြိုင်
လမ်းထောင့်က သမ၀ါယမပိုင် အဆောက်အဦးကို ကန်ထရိုက်တိုက် ဆောက်လုပ်နေတာ ဖြစ်ပြီး 
စတင် တည်ဆောက်စဉ်ကတည်းက မကျေနပ်တဲ့ အသင်းသားတွေက ကန့်ကွက်မှုတွေ
 ပြုလုပ်လာနေခဲ့တာ ဖြစ်ပါတယ်။ 

No comments:

Post a Comment