Tuesday, June 7, 2011

အလုပ်ကြမ်း အဓမ္မခိုင်းစေမှု တိုင်ကြားချက် ပိုများလာ


  ဗွီအိုအေ (မြန်မာဌာန)  တနင်္လာ, 06 ဇွန် 2011
မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတာနဲ့ ဆိုင်တဲ့ ဥပဒေတွေကို လူတွေ ပိုသိလာကြတဲ့အတွက် ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးမှာ လာရောက် တိုင်ကြားမှုတွေ များလာတယ်လို့ ILO က ပြောလိုက်ပါတယ်။
ILO ရုံးကို တိုင်ကြားမှုတွေ များလာတာဟာ အဓမ္မ အခိုင်းခံရတာတွေ များလို့ထက် လူတွေဟာ အဓမ္မ အလုပ်ခိုင်းခံရရင် တိုင်ကြားရမယ်ဆိုတဲ့ အသိ ပိုရှိလာတာကြောင့် ဖြစ်တယ်လို့ ILO က ပြောပါတယ်။

ဆက်လက်ဖတ်ရန်


အဓမ္မစေခိုင်းမှုမြန်မာပြည်မှာရှိဆဲ


အိုင်အယ်လ်အိုမှာ မြန်မာ့အရေးအထူးဆွေးနွေး
ဘီဘီစီ၊
၂၀၁၁ခုနှစ် ဇွန်လ (၆)ရက်


ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလုပ်သမားများအရေး အကြိမ် ၁၀၀မြောက် အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံက ကိစ္စတွေကို နိုင်ငံတကာက စိတ်ဝင်စားကြ  တယ်လို့သိရပါတယ်။

ဇွန်လ (၁)ရက်ကနေ (၁၇)ရက်နေ့အထိ အစည်းအဝေးတွေ ဆက်တိုက်ကျင်းပနေတာမှာ ဇွန်လ (၄)ရက်နေ့ စနေနေ့ကတော့ မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ အထူးအစည်းအဝေးပွဲကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုတွေ ရှိနေသေးတဲ့အကြောင်းကို တင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB က ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ကိုဇာနည်သွေးက ဘီဘီစီကိုပြောပါတယ်။

ဆက်လက်ဖတ်ရန်


မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုအခြေအနေ ILO မှာ ဆွေးနွေး


2011-06-05
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အကြိမ် (၁ဝဝ) မြောက် ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေ ရာမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က စတင် ဆွေးနွေးနေကြောင်း သိရပါတယ်။
ILO ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတဲ့ကိစ္စ အပါအဝင်၊ ကလေးစစ်သား အဓမ္မ စုဆောင်းမှုနဲ့ မြေယာ သိမ်းဆည်းခံရတဲ့ ကိစ္စတွေကို ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး  မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်ကတော့ အခြေအနေတွေ တိုးတက်အောင် ILO နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ဆက်လက်ဖတ်ရန်


အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နှင့် ဘီဘီစီ အင်တာဗျူး


ဘီဘီစီ
ကြာသာပတေးနေ့၊ နံနက်ပိုင်းအစီစဉ်
၂၀၁၁ခုနှစ် ဇွန်လ (၂)ရက်နေ့

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့အကြိမ်တစ်ရာမြောက် နိုင်ငံတကာ အလုပ်သမားရေးရာ ညီလာခံ ILC ကို မနေ့ကစလို့ Switzerland နိုင်ငံ Geneva မြို့မှာကျင်းပတဲ့နေရာမှာ မြန်မာနိုင် ငံက အလုပ်သမားရေးရာ အခြေအနေတွေကိုလည်း ဆွေးနွေးဖို့ရှိပါတယ်။ ဒီညီလာခံကို ဇွန်လ (၁)ရက်နေ့က ဇွန်လ(၁၇)ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဒီညီလာခံကို မြန်မာအစိုးရကိုယ်စား လှယ်တွေသာမက ပြည်ပအခြေစိုက် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကို ကိုမိုးမြင့်က မေးကြည့်တော့။

ဦးမောင်မောင်။ ။ ဒီလွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှုနှင့် ပက်သက်လို့ရှိရင် ဒီသဘောတူညီမှု နံပါတ် ၈၇နဲ့ပက်သက်လို့ရှိရင် ချိုးဖောက်ထားတဲ့ ကိစ္စဟာ ဒါအများပေါ့၊    တခြားနိုင်ငံတွေမှာလည်းရှိတယ်။ ဒါကြောင့်အများကြီးရှိတယ်။ သို့သော် အဓမ္မလုပ်အားပေးနဲ့ ပက်သက်တာပေါ့ ချိုးဖောက်မှု နံပါတ် ၂၉ ပေါ့ Convention 29 နဲ့ပက်သက်ရင် မြန်မာပြည် တခုထဲကိုလာမဲ့ စနေနေ့မှာ (၄)ရက်နေ့မှာ သီးသန့်ဆွေးနွေးဖို့ သတ်မှတ်ထားတာရှိပါတယ်   ခင်ဗျာ။

ကိုမိုးမြင့်။ ။ဟုတ်ကဲ့စနေနေ့မှာဆွေးနွေးမဲ့ကိစ္စကကျတော့ ဦးမောင်မောင်တို့ဘက်က တင်ပြတာကိုပဲ ဆွေးနွေးမလား မြန်မာအစိုးရ ဘက်ကလည်းဆွေးနွေးမလား။
ဦးမောင်မောင် ။      ။   လက်ရှိပေါ့နော်၊ အာဏာရှိတဲ့သူတွေက စပြီးဆွေးနွေးမယ်၊ သူတို့လုပ် ထားတဲ့အနေအထားတွေ၊ ပြီးခဲ့တဲ့နှစ်က
အကြံပြုချက်  နှင့် ပက်သက်ပြီး သူတို့ဘာလုပ်ထား  တာရှိသလဲ ဆိုတာပေါ့။ နောက်ပြီး သက္ကရာဇ် ၁၉၉၇ တုန်းကလုပ်ထားတဲ့ Commission Of Inquiry ပေါ့နော်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ ပြီးတော့စုံစမ်းထားတယ်။ အဲ့ဒီပေါ်မှာတွေ့ရှိချက်တွေရှိပါ  တယ။်  ဒါတွေနဲ့ပက်သက်ပြီး အကြံပြုချက်တွေရှိတယ်။ ကျွမ်းကျင်သူများအဖွဲ့ကနေပြီးတော့ ဆုံးဖြတ်ချက်ရှိတယ်။ ဒါတွေနဲ့ပက်သက်ရင် ဘယ်ဥစ္စာက လိုက်နာပြီးပြီ ဘယ်ဥစ္စာက လုပ်ပြီးပြီဆိုတာကိုတော့ လက်ရှိအာဏာရှိသူတွေက ပြောမှာပေါ့ဗျာ။ နိုင်ငံခြားရေး ၀န်ကြီး ဌာနနှင့် အလုပ်သမားဝန်ကြီးဌနာက ညွန်ချုပ်တို့က ပြောကြမှာပေါ့ခင်ဗျာ။

ဦးမိုးမြင့် ။      ။   ဦးမောင်မောင်တို့အနေနှင့် ကြတော့ရောခင်ဗျာ။ ဘာဆွေးနွေးဖို့ စဉ်းစားထားပါသလဲ။

ဦးမောင်မောင်။       ။ ILO ကိုတင်ပြထားရှိတယ်။ ကျတော်တို့ စုပေါင်းပြီးတော့ပေါ့ဗျာ အစီရင် ခံစာကို ကျတော်တို့ FTUB အနေနဲ့ရော တခြားအလုပ်သမားအစည်းအရုံးတွေ အလုပ်သမား အရေးလုပ်တဲ့အဖွဲ့တွေရော သတင်းဌာနက သတင်းတွေရော စုပေါင်းပြီး ကျတော်တို့က အဓ မ္မလုပ်အားပေးဆက်ရှိနေသေးတယ်ဆိုတာကို ကျတော်တို့က တင်ပြတာရှိတယ်။အဓမ္မလုပ်  အားပေးတို့၊ လယ်မြေသိမ်းကိစ္စတို့၊ ပေါ်တာဆွဲတဲ့ကိစ္စတို့ နောက် ကလေးစစ်သားကိစ္စပေါ့၊ ကျတော့တို့ဗမာပြည်မှာ အဓမ္မလုပ်အားအားပေးနဲ့ ပက်သက်လို့ ပြုပြင်ပြောင်းလဲမှု ရှိတော့ရှိ တယ်၊ သို့ပေမယ့်လို့ ကျတော့တို့ လိုချင်သလို ရာနှုန်းပြည့် ပျောက်သွားတာမရှိသေးဘူးလို့ ကျတော့တို့က တင်ပြမယ်။

ကိုမိုးမြင့် ။     ။အခုတင်ပြတဲ့ အစီရင်ခံစာတွေထဲမှာ ဘာအချက်တွေ ပါဝင်သလဲ။ အမှုအနေနဲ့ဆိုရင် ဘယ်လောက်များများပါဝင်လဲခင်ဗျာ။

ဦးမောင်မောင်။        ။အမှုအနေနဲ့တော့ တော်တော်များပါတယ် ခင်ဗျာ။ တိုင်းနဲ့ပြည်နယ်အား လုံးနီးပါးရှိပါတယ်။ ကလေးစစ်သား Case တွေကတော့ ပြည်တွင်းမှာ တိုင်တာသိပ်များပါ    တယ်။ ရာကျော်တဲ့ခင်ဗျာ။ ပြီးတော့ အဓမ္မလုပ်အားပေး ကိစ္စကတော့ တိုင်းနဲ့ပြည်နယ် တခုမှာ ကျတော့ထင်တယ် အနည်းဆုံး (လေးငါးဆယ်) ရှိတယ်။ ကရင်ပြည်နယ်မှာဆိုရင်တော့ အရမ်းများတာပေါ့ခင်ဗျာ။ ကျတော်တို့ရာနဲ့ချီရှိတတယ်။



ဦးမိုးမြင့်။      ။ စောစောတုန်းက ဦးမောင်မောင်ကိုယ်တိုင်လည်း ပြောပါတယ်။ မြန်မာအစိုးရ ဘက်ကပြုပြင်ပြောင်း လဲမှုအချို့လည်း တွေ့ရတယ်ပေါ့နော်။ နောက်ပြီးတော့ ILO အဆင့်မြင့် အရာရှိ Mr. Guy Ryder မြန်မာနိုင်ငံကို ဒီနှစ်ဆန်း ရောက်တုန်းကလည်း မြန်မာအစိုးရဘက် ကနေပြီးတော့ ဥပဒေတွေ ပြင်ဆင်ဖို့လုပ်နေတယ်လို့ပြောပါတယ်။ ဦးမောင်မောင်တို့ အနေနဲ့ ကျတော့ တိုးတက်မှုဆိုတာ ဘယ်လိုပုံစံတွေ တွေ့ရလဲခင်ဗျာ။

ဦးမောင်မောင်။     ။ ကျတော်ထင်တယ် ပြုပြင်ပြောင်းလဲမှုဆိုတာ တကယ်လို့စိတ်ဝင်တစား လုပ်ထားတာမရှိသေးတဲ့အတွက်ကြောင့် ကျတော်တို့အနေနဲ့ကတော့ ပြုပြင်ပြောင်းလဲဖို့ မရှိသေးဘူး။ ဥပဒေ အရသော်လည်းကောင်း၊ လက်တွေ့မှာသော်လည်းကောင်း တရားဥပဒေ ကျင့်ကြံတဲ့အခါမှာ ဘာမှမလုပ်ပေးပါဘူးလို့ ကျတော်ကတော့ ပြောနိုင်ပါတယ်ခင်ဗျာ။ နောက်တစ်ခါ  ဒီနှစ်မှာတော့ကျတော်တို့ မြန်မာပြည်မှာ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းမှု ဆိုတာ ပိတ်ပင်ထားတာ ကြာနေပြီ။ ဒါကြောင့်မိုလို့ ILO အနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးပါဆိုတဲ့ အဆိုကိုတော့ သွင်းထားတယ်။


နှစ် ၁၀၀ ကြိမ်မြောက် အိုင်အယ်လ်အို ညီလာခံသို့  တက်ရောက်လာသည့် အလုပ်သမား ကိုယ်စားပြု အဖွဲ့ 











နှစ် ၁၀၀ ကြိမ်မြောက် အိုင်အယ်လ်အို အကြိုညီလာခံ



မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် ကိုယ်စားလှယ်အဖွဲ့  နှစ် ၁၀၀ ကြိမ်မြောက် အိုင်အယ်လ်အို ညီလာခံ တက်ရောက်ရန် အတွက် ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ ရောက်ရှိ





2011 May 18 Burma and the 100th session ILC (Burmese)