Monday, January 2, 2012
မြန်မာအစိုးရ ဓာတ်ဆီဈေး ပြောင်းလဲသတ်မှတ်
၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဓာတ်ဆီဈေးနှုန်းကို နှစ်ဆန်း ၁ ရက်နေ့မှာပဲ ၃၀%
ကျော် တိုးမြှင့်လိုက်ပါတယ်။ ဓာတ်ဆီ တစ်ဂါလံကို မူလက ၂,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေရာက
တနင်္ဂနွေနေ့ကစလို့ ၃,၃၅၀ ကျပ်နှုန်းနဲ့ အစိုးရပိုင် ဆိုင်တွေမှာ စတင် ရောင်းချတာကို ယာဉ်ပိုင်
ရှင်တွေ ရုတ်တရက် သိခဲ့ကြရတာပါ။ သဘာဝဓာတ်ငွေ့ (CNG) နဲ့ ဒီဇယ်ဈေးနှုန်းတွေကတော့ 
အပြောင်းအလဲ မရှိခဲ့ပါဘူး။
နှစ်သစ်ကူးမှာ အစိုးရဓာတ်ဆီဈေးနှုန်းမြှင့်တင်
၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံ ရန်ကုန်မြို့က အစိုးရပိုင် ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီ အရောင်းဈေးကို ၃၄ 
ရာခိုင်နှုန်းလောက် မြှင့်တင်လိုက်တယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ရန်ကုန်မြို့ က ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီဈေးဟာ တဂါလံ ၂၅၀၀ ကျပ်ကနေ ၃၃၅၀ အထိ 
မြင့်တက် သွာပြီး စီအန်ဂျီဓာတ်ငွေ့နဲ့ ဒီဇယ်ဈေးကတော့ မပြောင်းလဲဘူးလို့ စမ်းချောင်း 
တိုး​​မြှင့်လိုက်တဲ့​​တွက် ပြင်ပ ပေါက်ဈေး​​ ဓာတ်ဆီ ဂါလံကို ၄၃၀၀ ကျပ်လောက်ထိ 
မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်
အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများအား ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေပြဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်
၁ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများ 
ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း 
အာဏာတည်ကာ အတည်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား 
ညွှန်ကြားရေး ဦးစီး ဌာနမှ သတင်းရရှိပါသည်။
အစိုးရ ဓါတ်ဆီဈေးနှုန်း ၃၀ ရာနှုန်း တိုးမြှင့်
၁ရက် ဇန်န၀ါရီလ ၂၀၁၁ခုနှစ်
ဓါတ်ဆီဖြူဟု ခေါ်ဆိုကြသည့် ပြည်တွင်းမှ ချက်လုပ်သည့် ဓါတ်ဆီသည် တဂါလံ ကျပ် ၂၅၀၀ မှ
၃၃၅၀ ကျပ်သို့ယနေ့ ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ တိုးမြှင့်သွားပြီဖြစ်သည်။
စွမ်းအင်ဝန်ကြီးဋ္ဌာနက ပုဂ္ဂလိကစက်သုံးဆီဆိုင်များသို့ ရောင်းချပေးသည့် ဈေးနှုန်းကို တိုးမြှင့်
လိုက်သဖြင့် ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် လက်လီရောင်းချသည့်
ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။
Sunday, January 1, 2012
သုံးခွမြို့ရှိ လယ်ဧက တသောင်းကျော်ကို ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ခွဲဝေယူ
၃၁ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အရှေ့ဘက်မှာရှိတဲ့ ပိုက်စီးကျေးရွာ၊ မင်းရွာအတွင်းကျေးရွာ
နှင့် ဘိသက်ကျေးရွာ အစရှိတဲ့ ရွာသုံးရွာပိုင်တဲ့ နယ်နိမိတ်မှာ ရှိတဲ့ လယ်ဧက တသောင်းကျော်ကို 
ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ခွဲဝေယူခဲ့ကြပါတယ် ။