၁ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံ ရန်ကုန်မြို့က အစိုးရပိုင် ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီ အရောင်းဈေးကို ၃၄
ရာခိုင်နှုန်းလောက် မြှင့်တင်လိုက်တယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
ရန်ကုန်မြို့ က ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီဈေးဟာ တဂါလံ ၂၅၀၀ ကျပ်ကနေ ၃၃၅၀ အထိ
မြင့်တက် သွာပြီး စီအန်ဂျီဓာတ်ငွေ့နဲ့ ဒီဇယ်ဈေးကတော့ မပြောင်းလဲဘူးလို့ စမ်းချောင်း
ဓာတ်ဆီဆိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုလို အစိုးရဆိုင်တွေမှာ ဈေးနှုန်း
တိုးမြှင့်လိုက်တဲ့ အတွက် ပြင်ပ ပေါက်ဈေး ဓာတ်ဆီ တဂါလံကို ၄၃၀၀ ကျပ်လောက်အထိ
မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
No comments:
Post a Comment