Tuesday, January 24, 2012

ရေအားလျှပ်စစ်အတွက် အမှန်တကယ်ပေးဆပ်ရသော တန်ဖိုးများ


၂၃ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ကမ္ဘာတ၀ှမ်းမှာ စွမ်းအင်လိုအပ်ချက် တဟုန်ထိုး မြင့်တက် လာနေလျက်ရှိသည်ဖြစ်ရာ၊ 
ရေအားလျှပ်စစ်ဆည် အသစ်များကို တည်ဆောက်နေလျက် ရှိကြလေသည်။ အကြောင်းမှာ 
ရေအားလျှပ်စစ် ထုတ်ယူရရှိနိုင်ဖွယ်ရှိသော တိုင်းပြည်များအဖို ဆည်များကအစိမ်းရောင်ရွေးလမ်းကို ပေးထားသောကြောင့်ဖြစ်သည်။ ကောင်းပေ့ဆိုသော အခြေအနေမျိုးတွင် 
ဆည်များမှနေ၍ စွမ်းအင် မှန်မှန် ရရှိနိုင်သည့်အပြင် ဆည် အနီးအနားနေ လူ့အသိုင်းအ၀ိုင်း 
အုပ်စုများအဖို့  အလုပ်အကိုင်လည်းရ၊  လူနေမှု အဆင့် အတန်းလည်း မြင့်လာနိုင်ပါသည်။

No comments:

Post a Comment