Sunday, January 15, 2012

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ပြည်ပရောက် မြန်မာ အတိုက်အခံများနှင့် တွေ့ဆုံ


၁၄ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံထဲတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးနေသည့် အချိန်၌  
အမေရိကန်နိုင်ငံ၏ မြန်မာပြည် ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရစ်မက်ချဲသည်လည်း
ပြည်ပရောက်မြန်မာ အတိုက်အခံများနှင့် ယမန်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ
တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအတိုက်အခံ 
အဖွဲ့အစည်းများနှင့် မနက် (၆) နာရီမှ ညနေ (၆) နာရီအထိ တွေ့ဆုံဆွေးနွေးလိုသော 
ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသား ကောင်စီမှ 
အတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်မိုးဇော်ကပြောပါသည်။

No comments:

Post a Comment