Saturday, January 28, 2012

ထောင်ထဲမှာ မေ့ဆေးမပေးပဲ ခွဲစိပ်ခံရသူ ကိုအောင်ချိုဦးနှင့် တွေ့ဆုံမေးမြန်းခြင်း


၂၇ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
၂၀၀၀ ခုနှစ်ကနေစပြီးတော့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်ဆံမှုလုပ်လာတဲ့  
အောင်ချိုဦး (ခေါ်) အောင်သန်း (ခေါ်) ယူနွတ်ဟာ ၂၀၀၀ ခုနှစ်ကနေပြီး ၂၀၀၅ ခုနှစ် ကာလတွေအထိ ကျောင်းသားလှုပ်ရှားမှုတွေ၊ Letter Campai- gn တွေ၊ လှိုင်သာယာ
စက်မှုဇုန်က အလုပ်သမားတွေ ဆန္ဒပြတဲ့ကိစ္စတွေ၊ တကိုယ်တော် ဆန္ဒပြမှုတွေမှာ 
ဓါတ်ပုံတွေ မှတ်တမ်းတွေယူပြီး ပြည်ပသတင်းမီဒီယာဆီကို ပို့ပေးတဲ့ အလုပ်တွေကို
တောက်လျှောက်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ရန်ကုန်ဗုံးခွဲမှုမှာ ဗုံးခွဲတယ်ဆိုတဲ့ 
စွပ်စွဲချက်နဲ့ စပြီးအဖမ်းခံရပြီးတော့ ထောင်ဒါဏ် ၁၅ နှစ် ကျခံရသူဖြစ် ပါတယ်။ 
အစိုးရသစ် သမ္မတ ဦးသန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်န၀ါရီလ ၁၃ ရက်မှာ 
ပြန်လည် လွတ်မြောက် လာခဲ့ပြီး အခု ထိုင်းမြန်မာနယ်စပ် တစ်နေရာကို ပြန်လည်
ရောက်ရှိလာခဲ့ပါတယ်။ သူထောင်ကျစဉ် အတွင်း ဖြတ်သန်း လာခဲ့ရတဲ့ အတွေ့အကြုံနဲ့
ပတ်သက်တဲ့ အကြောင်းတွေကို သွားရောက်မေးမြန်းခွင့်ရခဲ့ပါတယ်။

No comments:

Post a Comment