Monday, January 16, 2012

နတ်မတောင် ဘေးမဲ့တော တာဝန်ရှိ တဦးလဒ်စားမှုကြောင့် သစ်တော ထွက်ပစ္စည်းများပြုန်းတီးနေ


၁၆ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
သစ်တော ၀န်ထမ်း တဦးလဒ်စားမှုကြောင့် ချင်းပြည်နယ်တောင်ပိုင်း 
ကန်ပက်လန်မြို့နယ်ရှိ ခိုနူမ်းထုန်တောင် (Mt. Victoria ) ရှိ အဖိုးတန်သစ်တောထွက်
ပစ္စည်းများ၊ အဖိုးတန်တောရိုင်း တိရိစ္ဆာန်များတနေ့ထက် တနေ့ပြုန်းတီးနေသည်ဟု 
သတင်းရရှိသည်။ ခိုနုမ်းထုန်ခေါ် နတ်မတောင်ကို အမျိုးသားဥယာဉ်ဟု အစိုးရက 
တရားဝင်ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့ သော်လည်း သစ် တော ၀န်ထမ်း  
တောကြပ်အဆင့်ရှိသူ ဦးဟုန်းမန်က နှစ်စဉ်နှစ်တိုင်း ငွေကြေးကောက်ပြီး  
ဒေသခံများအား အဖိုးတန် သစ်ခွ များ မှောင်ခို ခူးယူခွင့်၊ အဖိုးတန် တော တိရိစ္ဆာန်များ
သတ်ပစ်အမဲ လိုက်ခွင့်ပြုထားခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံ များက ပြောကြ သည်။

No comments:

Post a Comment