Wednesday, January 18, 2012

ဖားကန့်ဒေသအား လူဦးရေသိန်းချီ၍ စွန့်ခွာ


၁၈ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများနှင့် 
ဆက်စပ်ကာ လူဦးရေ များပြားစွာ ရောက်ရှိနေထိုင်နေရာမှ ဦးရေသိန်းချီကာ စွန့်ခွာ
သွားပြီးဖြစ်ကြောင်း သိရှိရသည်။ “တစ်ရက်ကို သောင်းဂဏန်းလောက် ပြန်ဆင်း
ကြတယ်။ ပထမပတ်ကတည်းက စဆင်းကြတာပါ။ နယ်မြေအနေအထားကြောင့်
နေလို့ မဖြစ်တော့တဲ့အတွက် ပြန်ကြတာ။ ဖားကန့်မှာက လူဦးရေငါးသိန်း
လောက်ရှိမယ်လို့ မှန်းကြတယ်။ ဒီအထဲကမှ အခုတော့ သိန်းချီထွက်သွား
ကြတာပေါ့” ဟု ဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ
၁၆ရက်နေ့က ပြောကြားသည်။

No comments:

Post a Comment