Saturday, January 21, 2012

သိမ်းပိုက်ထားတဲ့ လယ်ယာမြေတွေအားလုံး အကုန်အစင်ပြန်ပေးပါ


၂၀ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဥပဒေတိုင်းရဲ့ထိပ်ဆုံးမှာ ရှိပါတယ်။ ဒီဥပဒေနဲ့ 
ဆန့်ကျင်တဲ့ ဘယ်ဥပဒေကိုမဆို ဖျက်သိမ်းပိုက်တာ ချည်းပါပဲ။ အခုကြံ့ဖွံ့အစိုးရ
ပြဌာန်းလာမယ့် ၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေ ရဲ့နောက်ဆုံးပုဒ်မ-၃၂ က ယခင် 
ရှိပြီးသား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ 
သီးစားချထားရေး ဥပဒေ၊ ၁၉၆၃ ခုနှစ် ၊တောင်သူ လယ်သမား အခွင့်အရေး 
ကာကွယ်သည့် ဥပဒေ နှင့် ၁၉၆၅ ခုနှစ်၊သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့်
ဥပဒေတွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဘာကြောင့်ရုပ်သိမ်းရပါသလဲ။ ရှင်းပါတယ်။ 
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ဆန့်ကျင်နေလို့  ဖြစ် ပါတယ်။

No comments:

Post a Comment