မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of Trade Unions Myanmar (FTUM)သည် မြန်မာပြည်သူ တရပ်လုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမှု တရား မျှတရေးနှင့် အလုပ်သမား သမဂ္ဂများ မြန်မာပြည်တွင် ပြန်လည်ပေါ်ထွန်းလာရေးအတွက် (FTUM) ကို စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
Int' Trade Un Trip To Bur
Wednesday, November 30, 2011
ရွေလီမြစ်ပေါ်မှ ဆည်များကြောင့် ခန့်မှန်းခြေလူထု ၁၅၀၀၀ ထိခိုက်မှုရှိ
၂၉ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
ရိုင်မရော့ - ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တည်ဆောက်နေသည့် ရွေလီရေကာတာ နှစ်ခုကြောင့်
ဒေသခံပြည်သူ ၁၅၀၀၀အပေါ် တိုက်ရိုက်ဆိုးကျိုးများ ခံစားနေရဟု တအာင်းကျောင်းသားနှင့်
လူငယ်ချားအစည်းအရုံးမှ ယနေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျိုက်ထီးရိုး အထမ်းသမားများ ဝင်ငွေလျှော့
၂၉ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
ကျိုက်ထီး ရိုးဘုရားဖူးရာသီရဲ့ အစည်းကားဆုံးအချိန်ကို ရောက်နေပေမယ့် အထမ်းသမားတွေနှင့်
ဈေးသည်တွေရဲ့ ဝင်ငွေ ကျဆင်းသွားနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ဒီနှစ်ဘုရားဖူး ရာသီအစ သီတင်းကျွတ်လပြည့်ကစလို့ ဘုရားဖူးယာဉ်တွေအားလုံး တောင်ခြေ
(ကင်ပွန်းစခန်း) ကနေ ရင်ပြင်တော် အရောက် ပြေးဆွဲနေကြတာကြောင့် အဆင်မပြေ ဖြစ်ရတာလို့
ရသေ့တောင်ကားဝင်းက ဈေးသည်တဦးက ပြောပါတယ်။
ရွှေလီ ရေကာတာစီမံကိန်း ဒေသခံ ၁၅၀၀၀ ခန့် အခက်ကြုံနိုင်
၂၉ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း
အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀၀ ခန့်သည် ရေလွှမ်းမိုးမှု
အပါအ၀င် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း
အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က
ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခြင်း ဖြစ်သည်။
Subscribe to:
Posts (Atom)