Wednesday, November 30, 2011

ရွှေလီ ရေကာတာစီမံကိန်း ဒေသခံ ၁၅၀၀၀ ခန့် အခက်ကြုံနိုင်


၂၉ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း 
အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀၀ ခန့်သည် ရေလွှမ်းမိုးမှု
အပါအ၀င် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း 
အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က 
ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခြင်း ဖြစ်သည်။


No comments:

Post a Comment