Saturday, November 26, 2011

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ရပ်နားရတော့မလား


၂၅ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော ပြည်ပအလုပ်အကိုင် အေဂျင်စီ 
အများစုမှာ စီးပွားရေး ကောင်းမွန်ခြင်းမရှိတော့ဘဲ တွက်ခြေမကိုက်ဖြစ်ကာ လုပ်ငန်းများရပ်နားရန်
ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

အေဂျင်စီတွေ အတော်ကိုရုန်းကန်ရတယ်။ ပြည်ပနိုင်ငံတွေက လုပ်သားခေါ်တာတွေ  
နည်းလာတယ်။ မြန်မာနိုင်ငံက လူတွေက နိုင်ငံခြားသွား အလုပ်လုပ်ချင်ကြပေမယ့် အရင်းအနှီး 
မတတ်နိုင်ကြဘူး။ အေဂျင်စီ အနည်းဆုံး ၂၀ ကနေ၃၀ လောက်အထိ ကုမ္ပဏီသက်တမ်း မတိုးဘဲ 
ဖျက်သိမ်းတာမျိုးတွေ ရှိလာနိုင်ပါတယ်ဟု ကမာရွတ်မြို့နယ်မှ ပြည်ပအလုပ်အကိုင် 
ရှာဖွေရေးကုမ္ပဏီပိုင်ရှင် တဦးက ဧရာဝတီသို့ ပြောသည်။


No comments:

Post a Comment