Saturday, November 26, 2011

ထိုင်းစက်ရုံ တစ်ခုမှ ရခိုင်အမျိုးသမီး ၃၁ ဦး အလုပ်ထုတ်ခံရ

၂၅ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်ပရပ်ကွက်တွင်တည်ရှိသော အရုပ်ထုတ်လုပ်သော စက်ရုံမှ 
ရခိုင်အမျိုးသမီး ၃၁ ဦးကို နိုဝင်္ဘာလ ၂၅ ရက်နေ့က အလုပ်မှ ထုတ်ပယ်လိုက်သည်။

ကျွန်မတို့ကို ဒီနေ့ နိုဝင်္ဘာ ၂၅ ရက်နေ့ နေ့လည် ၂ နာရီမှာ အစည်းအဝေး ခေါ်ပါတယ်။ 
မန်နေဂျာက ငါတို့စက်ရုံမှာ အလုပ်မရှိတော့ဘူး၊ မနက်ဖန်ကပင်စပြီး အလုပ်ဆင်းစရာ 
မလိုတော့ဘူး။ လုပ်အားခကို ဒီဇင်္ဘာလ ၄ ရက်နေ့မဟုတ်ရင် ၆ ရက်နေ့ ထုတ်ပေးမယ်။ 
ဒီကြားထဲ စက်ရုံမှာ နေလို့ရသေးတယ်။ ထမင်းကျွေးထားမယ်။ လစာ ရတာနဲ့ စက်ရုံမှာ
နေလို့မရတော့ဘူး ဆိုပြီးပြောပါတယ်" ဟု အလုပ်ထုတ်ခံရသူ ရခိုင်အမျိုးသမီးငယ် 
တဦးက နိရဉ္စရာသို့ ပြော သည်။

No comments:

Post a Comment