၃ နိုဝင်ဘာလ ၂၀၁၁
ယနေ့နေ့လည် (၂) နာရီ အချိန်တွင် မြ၀တီမြို့ရှိ မြန်မာအာဏာပိုင်များသည် ဘန်ကောက်မြို့မှ
ပြန်လာသော မြန်မာ ရေဘေး ဒုက္ခသည်များကို ပိတ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား
ပေါ်မှ ကြိုဆို ခဲ့ကြပါသည်။ ဤကြိုဆိုရေး အဖွဲ့၌ မြ၀တီမြို့ရှိ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊
သင်္ဃန်းညီနောင်မှ ဗျူဟာမှူးများ၊ စသုံးလုံး၊ စစ်ဖက်လုံခြုံရေးအဖွဲ့ နှင့် နယ်ခြားစောင့်တပ်မှ
ဗိုလ်မှူးမုတ်သုန်လည်း ပါဝင်ခဲ့ပါသည်။ ၄င်းတို့သည်၊ ဒုက္ခသည်များကို ရေသန့်ဘူးနှင့်
မုန့်များ ဝေခြမ်းခဲ့ကြပါသည်။
No comments:
Post a Comment