Tuesday, October 30, 2012

လန်ဒန်ရောက် မြန်မာများမှ BG မှ ဆင်းရဲနွမ်းပါး ကလေးငယ်များ ပညာရေးအတွက် လှူဒါန်း

၂၉ရက် အောက်တိုဘာလ ၂၀၁၂ခုနှစ်

လန်ဒန်ရောက် မြန်မာလူမျိုးများ စုပေါင်းပြီး Temptation-4 (London) တေးဂီတဖျော်ဖြေပွဲမှ ရရှိသည့် 
စုပေါင်းအလှူငွေများကို BG သွေးကူညီရေးအဖွဲ့မှ ကူညီစောင့်ရှောက်နေသည့် အမှိုက်ကောက်
ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက်  
ရည်စူးလှူဒါန်းပွဲတခု အောက်တိုဘာလ ၂၈ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် 
၂၆ ရပ်ကွက်  ပိဋကသုံးပုံ နိကယ်စာသင်တိုက်တွင် ညနေ ၃ နာရီမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျွန်းတော သမ၀ါယမ ဆန္ဒပြ

၂၉ရက် အောက်တိုဘာလ ၂၀၁၂ခုနှစ်

ကျွန်းတောကွက်သစ် သမ၀ါယမပိုင် အဆောက်အဦးကို ကန်ထရိုက်တိုက် ဆောက်လုပ်နေတဲ့အပေါ် 
မကျေနပ်တဲ့ အသင်းသားတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်မှုတခု အောက်တိုဘာလ ၂၈ ရက်နေ့ 
မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနဲ့ မဟာမြိုင်
လမ်းထောင့်က သမ၀ါယမပိုင် အဆောက်အဦးကို ကန်ထရိုက်တိုက် ဆောက်လုပ်နေတာ ဖြစ်ပြီး 
စတင် တည်ဆောက်စဉ်ကတည်းက မကျေနပ်တဲ့ အသင်းသားတွေက ကန့်ကွက်မှုတွေ
 ပြုလုပ်လာနေခဲ့တာ ဖြစ်ပါတယ်။ 

မိုးထိ မိုးမိ ရွှေလုပ်သားများ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့ ဆန္ဒပြ

၂၉ရက် အောက်တိုဘာလ ၂၀၁၂ခုနှစ်
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိဒေသ အသေးစားရွှေလုပ်ငန်းရှင်များနှင့်
 ရွှေလုပ်သား ၃၅ ဦးခန့် စုပေါင်းပြီး တောင်းဆိုချက် (၇) ချက်နှင့် ဆန္ဒထုတ်ဖော်ချက် (၉) ချက်ကို
 ပိုစတာများ ကိုင်ဆောင်ကာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားကြီးပွားတိုးတက်ရေး
ကုမ္ပဏီရှေ့၌ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ အချိန်ထိ ဆန္ဒပြ တောင်းဆိုခဲ့သည်။

ကျွန်း(လယ်) သမဝါယမအသင်းသားများ ဆန္ဒထုတ်ဖော်

၂၉ရက် အောက်တိုဘာလ ၂၀၁၂ခုနှစ်

အမှတ်(၇၀/၇၂)၊ ကျွန်းတောလမ်းနှင့် မဟာမြိုင်လမ်းထောင့်၊ စမ်းချောင်းမြို့နယ် ကျွန်း(လယ်) 
သမဝါယမအသင်းပိုင် အဆောက်အဦးအပေါ် အလွဲသုံးစားပြုလုပ်ထားမှုများအား 
အရေးယူဆောင်ရွက်ပေးရန် ဦးတင်ထက်ကို( သမဝါယမအသင်းသား)နှင့် ဦးနေမျိုးအောင်ကိုကို 
(သမဝါယမအသင်းသား)တို့ ဦးဆောင်၍ အသင်းသား ၃၆ဦးခန့်က အဆိုပါအဆောက်အဦးရှေ့တွင်
 အောက်တိုဘာလ ၂၈ရက်နေ့ နံနက် ၉း၃၀ မှ နေ့လည် ၁၁း၀၀ နာရီအချိန်ထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။