Wednesday, July 27, 2011

လင်းထက် စက်ရုံ နောက်ဆက်တွဲအခြေအနေ


၂၀၁၁ ခုနှစ်၊ ဇူလိုင် ၂၆ ရက်။
ဘီဘီစီ ညပိုင်းအစီအစဉ်
ရန်ကုန်သင်္ဃကျွန်းမြို့နယ်က လင်းထက်အထည်ချုပ်စက်ရုံ ပိတ်လိုက်ပြီးတဲ့နောက်မှာ အလုပ်သမားလျော်ကြေးအတွက် သဘောတူညီမှုမရဘဲ ဒီကနေ့ သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးနေရတယ်လို့ သိရပါတယ်။
ထက်လင်းအထည်ချုပ်စက်ရုံပိတ်လိုက်ပြီးတော့ လျော်ကြေးပေးတဲ့နေရာမှာ အလုပ်သမားတွေဘက်က လက်မခံနိုင်လို့ သင်္ဃန်းကျွန်းက လွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးသိန်းညွန့်တို့ရုံးကို လာရောက်တိုင်ကြားတယ်။အဲဒိတော့ ဦးသိန်းညွန့်တို့ဘက်ကလည်း မြို့နယ် အလုပ်သမားဌာနတွေ၊ ပြီးတော့ သက်ဆိုင်ရာ တွေကို အကြောင်းကြားရာကနေ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားမှာ ဖြေရှင်းဆောင်ရွက်ပေးရတာတွေရှိခဲ့ပါတယ်။ ဒီဖြေရှင်းတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ သင်္ဃကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဘုန်းမြတ် အောင်ကတော့ အခုလိုရှင်းပြပါတယ်။
"လင်းထက်အထည်ချုပ်စက်ရုံတဲ့ မန်နေဂျာက အကြောင်းပြတာကတော့ သူတို့ အမှာစာ (အော်ဒါ) မရရှိပါသဖြင့် ဒီစက်ရုံကို ပိတ်မှာပေါ့ဗျာ။ အော်ဒါ ပါးနေတယ်ပေါ့လေ။ ဒါကြောင့် ဒီစက်ရုံကို ပိတ်ဖို့ သူတို့ဆုံးဖြတ်တယ်ပေါ့ဗျာ။ သူတို့ဘာသာသူတို့ တွက်တဲ့လစာနဲ့ပဲလုပ်သွားတဲ့လစာနဲ့ပဲ ပေးမယ်ပေါ့ဗျာ။ အဲဒိလိုပေးမယ်ဆိုတော့ အလုပ်သမားတွေက အဲဒါကို မကျေနပ်တဲ့အတွက် စကားများနေကြတာ။ အခု ပြဿနာဖြစ်နေကျတယ်ပေါ့။ လက်ရှိ အလုပ်သမားကိုယ်စားလှယ် ၂ ဦးကတော့ လက်ရှိ သူတို့အခု ၁ သိန်းခွဲဆီ လိုချင်တယ်ပေါ့။ အပြန်လမ်းစရိတ်ပေါ့။
ဘီဘီစီ။ ။အခုအလုပ်ရှင်က ဘယ်လောက်ပေးလို့လဲ ၊ဘယ်လောက်နှုန်းနဲ့ပေးလို့လဲ၊
"အလုပ်ရှင်က လစာက ၇၀၀၀ တဲ့။ တခြားရှားပါးစရိတ်တို့ဘာတို့ ၃၀၀၀၊ အဆောင်ဈေးက ၁၀၀၀ ဆိုတော့ ၁၁၀၀၀ ပဲရှိတယ်။ လစာက အဲဒါရဲ့ သုံးလစာဆိုတော့ဗျာ။ တယောက်မှ ၃ သောင်းကျော်လောက်ပဲပေးနိုင်တာပေါ့။ သူတို့ တွက်တဲ့နှုန်းအရတော့ အဲဒိလောက်ပဲ တွေ့ရတာပေါ့။ ၃ ၊ ၄၊ ၅ သောင်းလောက်ပဲ တွေ့ရတာပေါ့။"
ဘီဘီစီ။  ။ဒီလိုဆိုရင် အလုပ်သမားတွေက လိုချင်တာက အနည်းဆုံး ၁ သိန်းခွဲလောက်လိုချင်တယ်။
"အင်း ၁သိန်းခွဲလောက်လိုချင်တော့။ အလုပ်သမားဌာနကတော့ အလုပ်ရှင်က သူပေးတဲ့နှုန်းကိုပြောတယ်။အလုပ်သမားတွေက သူလိုချင်တဲ့နှုန်းကိုပြောတယ်။ ဒါပေမယ့် အလုပ်သမားဦးစီးဌာနကကျတော့ သူတို့စည်းမျဉ်းစည်းကမ်းအရဆိုရင်တော့ နောက်ဆုံး အလုပ်ရှင်က အလုပ်သမားကို တကယ်ပေးတဲ့လစာကိုပေးပါ။ အဲဒိအပေါ်မှာ မူတည်ပြီးတော့ သူတို့တွက်မယ်ပေါ့ဗျာ။ အဲဒါကြောင့် ကြာသပတေးနေ့ကို ပြန်ချိန်းတာပေါ့။ "
စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်လောက်ရှိပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကမှ စက်ရုံရဲ့ဖိအားပေးမှုကြောင့် အလုပ်သမား ၁၀၀ ကျော် နှုတ်ထွက်သွားရပါတယ်။ အဲဒိလို နှုတ်ထွက်သွားတဲ့အလုပ်သမားတွေကိုလည်း ဒီနစ်နာကြေးကိုပေးဖို့အတွက်ကို အလုပ်ရှင်ဘက်ကနေ အလုပ်သမားဌာနကို ကတိပေးခဲ့တယ်ဆိုတာကို ဦးဘုန်းမြတ်အောင်က ပြောပါတယ်။

No comments:

Post a Comment