Thursday, July 28, 2011

အဓမ္မ တောင်းရမ်းခိုင်းခံရသော ကလေးငယ် ၆ ဦးကို ကယ်တင်

27 July 2011

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် လူကုန်ကူးခံရပြီး အတင်းအဓမ္မ တောင်းရမ်းခိုင်းခံရသည်ဟု 
ယူဆရသော မြန်မာ ကလေး ၆ ဦးကို ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် နေအိမ်တခု၌ သွားရောက်ကယ်တင်ခဲ့သည်။
တရားခံဟု ယူဆရသော အသက် ၅၇ နှစ်အရွယ်ရှိ ဦးတင်ငွေ၊ ၅၄ နှစ် အရွယ် ဇနီး ဒေါ်ရွှေကြည်၊ ၄၇ နှစ်အရွယ် ဒေါ်မချိုဦးတို့ကို ချင်းမိုင်မြို့ရှိ မဲ့ပင်း ရဲစခန်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

  

No comments:

Post a Comment