Thursday, October 27, 2011

ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်


၂၇ အောက်တိုဘာလ ၂၀၁၁
ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က  
အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ်ခန့်ကြာ ပြုလုပ်ခဲ့သည်။  
တောင်သူလယ်သမား အခွင့်အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံရေး 
စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လယ်သမား ၄ဝ ကျော်ခန့်သည် အိုးအိမ်
ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်း
ဖြစ်သည်။ သူတို့က ဘာမှ အော်ဟစ်ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူကတော့ မီဒီယာကို 
သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။   

No comments:

Post a Comment