Sunday, April 1, 2012

မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသောတပ်မတော်သားများ၏မိသားစုများအားထောက်ပံ့စောင့်ရှောက်ရေး ဥပဒေ ပြဋ္ဌာန်း


၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ပြည်ထောင်စုလွှတ်တော်သည် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့်
သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား
ထောက်ပံ့စောင့်ရှောက်ရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ
အမှတ်(၈)၊ (၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်) ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် သက်စွန့် တာဝန်
ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်၍ စစ်မှုထမ်းဆောင်ခဲ့ကြပြီး နိုင်ငံတော်
ကာကွယ်ရေးတာဝန် ထမ်းဆောင်စဉ် မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့်
သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် 
ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း  
သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment