Sunday, April 1, 2012

လယ်အသိမ်းခံရသည့် တောင်သူ ၁၈၀၀ သမ္မတထံ တိုင်းကြား


၃၁ရက် မတ်လ ၂၀၁၂ခုနှစ်
ကော်ဖီနှင့် သစ်တောစီမံကိန်းအား အကြောင်းပြု၍ လယ်ယာမြေအသိမ်းခံရသော
ပြင်ဦးလွင်နှင့် နောင်ချိုဒေသခံလယ်သမား ၁၈၀၀ ဦးကျော် စုပေါင်း၍ တိုင်ကြားထားသောစာအုပ်ကို နိုင်ငံတော်သမ္မတကြီးထံပေးပို့ထားကြောင်း လယ်ယာမြေ 
အသိမ်းခံရသူ ပြင်ဦးလွင် မြို့နယ် ညောင်တုန်းကျေးရွာနေ ဦးနေလင်းဦးက ပြောကြားသည်။ 
အဆိုပါ စာအုပ်တွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၄၀ မှ 
လယ်သမား ၁၈၁၆ ဦး ၏ လယ်ယာမြေ ၉၃၁၉ ကျော် ဧကသိမ်း ဆည်းခံခဲ့ရသည့် 
ဖြစ်စဉ်ကို နိုင်ငံတော် သမ္မတကြီး အပါအဝင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ 
ILO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။

No comments:

Post a Comment