Wednesday, May 9, 2012

ဟင်္သာတမြို့တွင်း သုံးတန်အထက် မော်တော်ယာဉ် မ၀င်ရ သတ်မှတ်ခြင်းနဲ့ အခက်အခဲများ


၈ရက် မေလ ၂၀၁၂ခုနှစ်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် လူဦးရေ ထူထပ် သိပ်သည်းခြင်း၊  
အနှေးယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီးကား၊ မော်တော်ကား၊ မှန်လုံကား၊ 
ကုန်တင်ကား အသုံးပြုမှုနဲ့ လမ်းအသုံးပြုမှု များပြားခြင်း၊ လမ်းကျဉ်းမြောင်းခြင်း 
တို့ကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြောနဲ့ လမ်း ပိတ်ဆို့မှု မဖြစ်ပွားရေး၊
ပြည်သူများ အန္တရာယ် ကင်းရှင်းပြီး စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးတို့အတွက် 
လမ်းအသုံးပြုမှု၊ ယာဉ်အသုံးပြုမှုတို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ 
စနစ်တကျ သတ်မှတ် ဆောင်ရွက်ဖို့အတွက် ရည်ရွယ်ပြီး ဟင်္သာတမြို့အတွင်း 
သုံးတန်နဲ့အထက် မော်တော်ကားများ ၀င်ခွင့် မပြုခြင်း ပါဝင်တဲ့ စီမံချက်ကို မေလ 
၁ ရက်နေ့မှ စတင် အသုံးပြုနေပါတယ်။

No comments:

Post a Comment