Thursday, May 31, 2012

မြင်းခြံတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြကြ


၃၀ရက် မေလ ၂၀၁၂ခုနှစ်
လျှပ်စစ်မီး ရရှိရေးအတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများကို ပြန့်နှံ့လျက်ရှိရာ မြင်းခြံမြို့တွင်လည်း စတင် ပြုလုပ်နေကြပါတယ်။
မြင်းခြံ ပြည်သူလူထု နှစ်ထောင်ကျော်ဟာ ၂၀၁၂ မေ ၃၀ ရက်နေ့ ည ၇ နာရီက 
ဖယောင်တိုင်မီးတွေ ကိုယ်စီကိုင်ဆောင်ကြပြီး စီတန်း လှည့်လည်ခဲ့ကြပါတယ်။ 
ထို လှုပ်ရှားမှုကို မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားမှ စတင်ခဲ့ကာ ဗိုလ်ချုပ်ကြေးရုပ်၊ 
 နာရီစင်တို့ကို ပတ်ပြီး ဗိုလ်ချုပ်လမ်းတလျောက် ချီတက်ခဲ့ကြကာ မြင်းခြံမြို့နယ် 
လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပါတယ်။

No comments:

Post a Comment