၂၈ရက် မေလ ၂၀၁၂ခုနှစ်
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာတွင်
မိရိုးဖလာဓါးမဦးချ
ဦးပိုင်အမည်ပေါက် လယ်ယာ စိုက်ပျိုးခြင်းလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်နေသော
ဒေါ်ခင်မြင့် လယ်(၁၈)ဧကခန့်၊ ဒေါ်ခင်ရီ လယ်(၉)ဧကခန့်၊ ဒေါ်မြင့်လယ်(၁၂)ဧကခန့်၊
ဦးအောင်မြသောင်းလယ်(၇)ဧကခန့်ကို
၂၀၀၁ခုနှစ်တွင် ကြည့်မြင်တိုင်မြို့နေ ဦးစိန်မောင်မြင့်၊
ကုလားကြီးစုရွာသား ဦးသက်ဦး၊
အပါအ၀င် ဦးညွန့်အောင်၊ ဦးထွန်းကြည်၊ ဦးဝင်း၊ ဦးအုန်းဟန်၊
ဦးအောင်ချို အစရှိသောလူတစ်စုက
၎င်းလယ်သမားများ၏ လယ်မြေများကို အတင်းခြံခတ်
သိမ်းပိုက်၍ ကြက်ခြံနှင့် နွားခြံများ ဆောက်လုပ်ကာ
မွေးမြူးရေးလုပ်ငန်းများကို
လုပ်ကိုင်နေပါသည်။
No comments:
Post a Comment